“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၂၉ ရက်မြောက် ချီတက် ဆန္ဒပြ

“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၃၂၉ ရက်မြောက် ချီတက် ဆန္ဒပြ

ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၃၂၉ ရက်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

ဆန္ဒပြရာတွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဆိုသည့် စာတမ်းအားကိုင်စွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly