ပါကစ္စတန်တွင် အစွန်းရောက်ဝါဒီများက ဟိန္ဒူဘုရားကျောင်းကို ဖျက်ဆီး

By Zee5
02 February 2022
ပါကစ္စတန်တွင် အစွန်းရောက်ဝါဒီများက ဟိန္ဒူဘုရားကျောင်းကို ဖျက်ဆီး

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ် သာပါကာ ခရိုင် တာ မစ်သီ မြို့ ခါထရီ မိုဟယ်လာ အရပ်တွင် တည်ရှိသည့် Hinglaj Mata ဟိန္ဒူဘုရားကျောင်းကို အစ္စလမ္မစ် အစွန်းရောက်ဝါဒီများက ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် ဖျက်ဆီးခဲ့ရာ ပြီးခဲ့သည့် ၂၂ လတာကာလအတွင်း အဆိုပါ နိုင်ငံတွင် ဟိန္ဒူဘုရားကျောင်းများ တိုက်ခိုက်ခံရသည့် ၁၁ ခုမြောက် ဖြစ်စဉ်လည်း ဖြစ်သည်။

ဖျက်ဆီးခံရသည့် ဘုရားကျောင်းနေရာသို့ ရောက်ရှိသွားခဲ့သည့် ပါကစ္စတန် ဟိန္ဒူဘုရားကျောင်းများ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ကရီရှန် ရှားမားက လက်ရှိအချိန်တွင် အစ္စလမ္မစ် အစွန်းရောက်ဝါဒီများက ပါကစ္စတန် တရားလွှတ်တော်ချုပ်ကိုသာမက အစိုးရကိုပါ ကြောက်ရွံ့ခြင်း မရှိတော့ဟု သတင်းထောက်များကို ပြောခဲ့သည်။

ထို့ပြင် ဒေသခံဟိန္ဒူဘာသာဝင် ခေါင်းဆောင်များသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြစုဝေးပွဲတစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

နိုင်ငံတွင် လူနည်းစုများကို အကာအကွယ်ပေးမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းက ပြောကြားထားသော်လည်း လူနည်းစု အစုအဖွဲ့များမှာ အာဏာပိုင်တို့၏ ထိရောက်သည့် အကာအကွယ်ပေးမှုမျိုးကို မရရှိသေးပေ။

ထိုကဲ့သို့ လူနည်းစု အစုအဖွဲ့များကို ကာကွယ်စောင့်ရှောက်ပေးရန် ခိုင်မာသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်း မရှိမှုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါကစ္စတန်အာဏာပိုင်တို့ကို မကြာခဏ ပြစ်တင်ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly