တရုတ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို အိုလံပစ်ပြိုင်ပွဲအတွက် ပံ့ပိုးသူများ နှုတ်ဆိတ်နေ

တရုတ်၏လူ့အခွင့်အရေးချိုးဖောက်မှုများကို အိုလံပစ်ပြိုင်ပွဲအတွက် ပံ့ပိုးသူများ နှုတ်ဆိတ်နေ

တရုတ်နိုင်ငံ၌ ကမ္ဘာ့စျေးကွက်ရှာဖွေရေး အခွင့်အလမ်းများ ပျောက်ဆုံးနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲအတွက် ပံ့ပိုးသည့် စီးပွားရေး လုပ်ငန်းများနှင့်ကြော်ငြာရှင်များသည် ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ နှုတ်ဆိတ် လျက်ရှိကြောင်း New York Post သတင်းတွင် ဖော်ပြသည်။

အမေရိကန်အရာရှိများ၊ အခြားအနောက်နိုင်ငံများမှ ဥပဒေပြုအမတ်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက ရှင်ကျန်းရှိ မွတ်စလင်လူနည်းစု အများစုအပေါ် တရုတ်နိုင်ငံ၏ဆက်ဆံမှုသည် လူမျိုးတုံးသတ်ဖြတ်မှုပုံစံဟု ပြစ်တင်ရှုတ်ချခဲ့ကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

ဥပမာအားဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုကော်ပိုရေးရှင်း Visa သည် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ် အချိန်၌ နှုတ်ဆိတ်လျက်ရှိသည်။ သို့သော် တောင်ကိုရီးယားနိုင်ငံ ပြုံချန်းတွင်ကျင်းပခဲ့သည့် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်း Visa သည် အိုလံပစ်ဖွင့်ပွဲမတိုင်မီ ရက်ပေါင်း ၁၀၀ အလို၌ တွစ်တာတွင် စျေးကွက်မြှင့်တင်မှုပြုလုပ်ခဲ့သည်။

အိုလံပစ်ပြိုင်ပွဲကို နှစ်ပေါင်းများစွာကပင် ပံ့ပိုးပေးခဲ့သည့် Visa သည် ယခုအကြိမ်တွင် မည်သည့်ကြေညာချက်မှ မထုတ်ပြန်သလို တွစ်တာတွင်လည်း အစိုးရနှင့်ပတ်သက်သည့် မည်သည့်အကြောင်းအရာကိုမှမပြောပေ။

အဆိုပါ စီးပွားရေး လုပ်ငန်းများက အိုလံပစ်ပွဲကို သံတမန်ရေးအရ သပိတ်မှောက်ရေးဟူသော အမေရိကန်၏ ကြေညာချက်နှင့် တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အငြင်းပွားမှုမှ လွတ်မြောက်ရန် ကြိုးပမ်းလျက်ရှိကြောင်းကမ္ဘာ့စျေးကွက်ရှာဖွေရေး ကျွမ်းကျင်သူများက ပြောသည်။

New York Post ၏အဆိုအရ အိုလံပစ်ပွဲကိုသံတမန်ရေးအရသပိတ်မှောက်ရန် အမေရိကန်သမ္မတဘိုင်ဒင်က ဆုံးဖြတ်ချက်ချပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းGillette၊ Olay၊ Pampers နှင့် Tide ကဲ့သို့သောအမှတ်တံဆိပ်များ၏ ပိုင်ရှင် Procter & Gamble ကလည်း ၎င်း၏အမြင်များနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required