အိုလံပစ်ပွဲ မတိုင်ခင် ကူးစက်မှုများလာခြင်းကြောင့် တရုတ်က ကိုဗစ်အစီအမံများကို ချမှတ်

အိုလံပစ်ပွဲ မတိုင်ခင် ကူးစက်မှုများလာခြင်းကြောင့် တရုတ်က ကိုဗစ်အစီအမံများကို ချမှတ်

ဆောင်းရာသီအိုလံပစ်အားကစားပွဲမကျင်းပမီ နှစ်ပတ်အလိုတွင် တရုတ်နိုင်ငံမြို့တော် ပေကျင်း၌ ပြည်တွင်း ကူးစက်မှုအသစ်များ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပေကျင်းမြို့တော်အစိုးရသည် မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်ရန် အစီအမံအသစ်များကို ဇန်နဝါရီလ ၂၃ရက်က ချမှတ်ခဲ့သည်။

ပေကျင်းမြို့တွင် ဇန်နဝါရီ ၂၂ ရက်က ပြည်တွင်း ကူးစက်ရောဂါ ၉ခုကို တွေ့ရှိခဲ့ကြောင်း အမျိုးသား ကျန်းမာ ရေးကော်မရှင်က ဇန်နဝါရီလ ၂၃ရက်တွင် ပြောကြားခဲ့ပြီး ၎င်းတို့အနက် ၆ ဦးသည် ဖန်တိုင်းခရိုင်တွင် ဖြစ်သည်။

ဖန်တိုင်းခရိုင်တွင် နေထိုင်သူအားလုံးကို ကိုဗစ်-၁၉ အတွက် နျူကလီးယက်အက်စစ်စမ်းသပ်မှုများကို ဇန်နဝါရီလ ၂၃ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ခရိုင်ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

အာဏာပိုင်များသည် ဖန်တိုင်းခရိုင်ရှိ ရပ်ကွက်အပါအဝင် အန္တရာယ်ရှိသောနေရာများတွင် နေထိုင်သူများအား မြို့မှထွက်ခွာခြင်းမပြုရန် သတိပေးခဲ့သည်ဟု ဒေသဆိုင်ရာအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီလ ၂၃ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဖန်တိုင်းခရိုင်မြို့ခံများအား အစုလိုက်အပြုံ လိုက်စုဝေးမှုများကို ရှောင်ရှားရန် တောင်းဆိုထားသည်။

နိုင်ငံရပ်ခြားမှ ပစ္စည်းများရောက်ရှိလာပြီးနောက်၁၄ ရက်အတွင်း ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါလက္ခဏာများ တွေ့ရှိပါက နျူကလိယက်အက်ဆစ်စစ်ဆေးမှုကို တက်ကြွစွာလုပ်ဆောင်ရန် ဒေသခံများအား ပေကျင်း မြို့တော်တာဝန်ရှိသူများက တောင်းဆိုခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဇန်နဝါရီလ ၂၂ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာပိုင်များက ပေကျင်း၏ ပထမဆုံး ကိုရိုနာဗိုင်းရပ် Omicron မျိုးကွဲသည် ကနေဒါမှ ပို့ဆောင်သည့် ပစ္စည်းများမှတစ်ဆင့် ရောက်ရှိလာနိုင်ကြောင်း အကြံပြုထားသည်။

ဖန်တိုင်းခရိုင်တွင် အချို့သော သူငယ်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသော ကလေးများအား ကျောင်းပေးတက်မည်မဟုတ်ကြောင်း မိဘနှစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။

ထပ်မံသေဆုံးမှုမရှိသေးဘဲ သေဆုံးသူဦးရေမှာ လက်ရှိအထိ ၄၆၃၆ ဦးရှိခဲ့သည်။ ဇန်နဝါရီလ ၂၂ရက်အထိ တရုတ်ပြည်မကြီးတွင် ရောဂါကူးစက်ခံရသူ ၁၀၅ ၆၀၃ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly