ထင်ရှားသည့်လူ့အခွင့်အရေးရှေ့နေ ၀မ်ယုနှင့် ခင်ပွန်းဖြစ်သူတို့ကို တရုတ်တရားစွဲ

ထင်ရှားသည့်လူ့အခွင့်အရေးရှေ့နေ ၀မ်ယုနှင့် ခင်ပွန်းဖြစ်သူတို့ကို တရုတ်တရားစွဲ

ပေကျင်း၊ ဇန်နဝါရီ ၁၄ ။            ။ တရုတ်၏ အထင်ရှားဆုံးလူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ ဝမ်ယုနှင့် ၎င်း၏ ခင်ပွန်းရှေ့နေတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရုတ်အစိုးရက တရားစွဲသည်။

မစ္စက်ဝမ်ယုကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိပြစ်ဒဏ်ချမှတ်နိုင်သော နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားပြီး ၎င်း၏ခင်ပွန်း ပေါင်းလုံကျွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြစ်စေရန် လှုံ့ဆော်မှုဖြင့် စွဲချက်တင်ထားသည်။ ၎င်းတို့နှစ်ဦးစလုံးအား ထိန်းသိမ်းထားသည်မှာ ခြောက်လခန့်ရှိနေပြီဖြစ်သည်။ တရုတ်သည် ရှေ့နေများနှင့် ၄င်တို့အား ကူညီသူများကို ကျယ်ပြန့်စွာနှိမ်နင်းလျက်ရှိပြီး အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားသည်။                       

ယခုသီတင်းပတ်အစောပိုင်းက အနည်းဆုံးလူ့အခွင့်အရေးရှေ့နေနှင့် ၄င်တို့၏တွဲဘက် ခုနှစ်ဦးကို အလားတူစွဲချက်များဖြင့် ဖမ်းဆီးခဲ့သည်။ မစ္စက်ဝမ်နှင့် မစ္စတာပေါင်းတို့ကဲ့သို့ပင် ၎င်းရှေ့နေများသည် ပေကျင်းရှိ ဥပဒေအကျိုးဆောင်ကုမ္ပဏီ Fengrui တွင်အလုပ်လုပ်ခဲ့ကြပြီး လွန်ခဲ့သည့်နွေရာသီကတည်းက လျို့ဝှက်ထိန်းသိမ်းခံနေရသည်။

နှိမ်နင်းမှုတွင် ထိန်းသိမ်းခံခဲ့ရသော ရှေ့နေအများအပြားမှာ လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း အာဏာပိုင်များမှာ အဆိုပါ ဥပဒေအကျိုးဆောင်ကုမ္ပဏီအပေါ် သဘောထားတင်းနေဟန်ရှိသည်ဟု သတင်းထောက်များက ပြောကြားသည်။ ယင်းကုမ္ပဏီက ထင်ရှားသည့်အမှုများကို လိုက်သည်ဟု သိထားကြသည်။ လွန်ခဲ့သည့်လက တခြားထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေဖြစ်သော ပုကျိချန်လည်း လူမျိုးရေးအမုန်းတရားလှုံ့ဆော်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းပြစ်ဒဏ်မှာ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ကို ရပ်တည်ကာကွယ်သူတစ်ဦးအား ထိန်းချုပ်ကန့်သတ်မှုဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly