အော်ဂဲနစ်ဓာတ်မြေသြဇာများကို ဝယ်ယူရန် သီရိလင်္ကာနှင့် သဘောတူခဲ့သည့် တရုတ်ကုမ္ပဏီတွင် ပိုးသတ်ခြင်းဆို်ငရာ စံနှုန်းချက်များ မရှိ

By By Sunimalee Dias
02 February 2022
အော်ဂဲနစ်ဓာတ်မြေသြဇာများကို ဝယ်ယူရန် သီရိလင်္ကာနှင့် သဘောတူခဲ့သည့် တရုတ်ကုမ္ပဏီတွင် ပိုးသတ်ခြင်းဆို်ငရာ စံနှုန်းချက်များ မရှိ

အော်ဂဲနစ်ဓာတ်မြေသြဇာများကို ဆက်လက်ဝယ်ယူရန် သီရိလင်္ကာနှင့် ပြဿနာဖြေရှင်းသဘောတူခဲ့သည့် တရုတ်ကုမ္ပဏီတွင် ပိုးသတ်ခြင်းစံနှုန်းများ မရှိသည့်အတွက် ဒေသခံများ၏ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင် ကြောင်း ကျွမ်းကျင်သူ များက ဆိုသည်။

သို့သော် ယခင်စာချုပ်ချုပ်ထားသည့်အတိုင်း ဝယ်ယူရေး လမ်းညွှန်ချက်များသည် တရားဝင်နေဆဲ ဖြစ်ကြောင်း စိုက်ပျိုးရေးအာဏာပိုင်များက ဆိုသည်။

ဇန်နဝါရီလ ၃ ရက်တွင် Ceylon Fertiliser Company နှင့် ဖြေရှင်းမှုအရ Qingdao ကုမ္ပဏီသည် “ISO 17065 လုပ်ငန်းစဉ်တွင် အသေးစိတ်အသိအမှတ်ပြုထားသော သက်သေခံလက်မှတ် သို့မဟုတ် ကုန်ကြမ်းပါဝင် ပစ္စည်းများကို ရယူရန်နှင့် ပေးအပ်ရန် ဆောင်ရွက်ခဲ့သည်” ၊ ကုမ္ပဏီမှ ISO 17025 အသိအမှတ်ပြု

လက်မှတ်ရရှိထားကြောင်း အတည်ပြုခဲ့ပြီး အော်ဂဲနစ်ဓာတ်မြေဩဇာနမူနာအသစ်များကို စမ်းသပ်စစ်ဆေးရန် စီစဉ်ပေးခဲ့သည်။

ပီရာဒီနီယာတက္ကသိုလ်ပေါင်းပင်သိပ္ပံမှ အကြီးတန်းပါမောက္ခ ဘတ်ဒီ မာရမ်ဘီက Qingdao Seawin Biotech Company နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် SLS 1704 အရ အော်ဂဲနစ်မြေသြဇာကို ပိုးသတ်ခြင်းနှင့် ပတ်သက်သည့် သီရိလင်္ကာစံနှုန်းဌာနမှ လိုအပ်ချက်များ မပါဝင်ကြောင်း ထောက်ပြခဲ့သည်။

အဆိုပါအော်ဂဲနစ်ဓာတ်မြေဩဇာကို ပိုးမသတ်ထားသည့်အခါ တိုင်းပြည်ထဲသို့ မည်သည့်အရာမဆို ဝင်ရောက် လာနိုင်သည်ဟု သူက မှတ်ချက်ပြုခဲ့သည်။

ယင်းသည် ရောဂါအသစ်တစ်မျိုးကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သကဲ့သို့ဖြစ်ပြီး အခြားဇာတိ အဏုဇီဝသက်ရှိများ ရွှေ့ပြောင်းဝင်ရောက်လာပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုပင် ဖြစ်စေနိုင်သည်ဟု ပါမောက္ခ မာရမ်ဘီက ပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များသည် ကမ္ဘာပေါ်ရှိ သေးငယ်သောဇီဝသက်ရှိများ၏ ၁၀ ရာခိုင်နှုန်းကိုသာ သိရှိကြသေးသော ကြောင့် အမျိုးအမည်မသိမျိုးစိတ်များ အရေအတွက်က ပိုများနေသည်။

ထို့ကြောင့် အမျိုးအမည်မသိမျိုးစိတ်များ နိုင်ငံအတွင်းသို့ ဝင်ရောက်လာပါက သဘာဝပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly