ဂျပန်မြောက်ပိုင်းတွင် အားပြင်းငလျင်လှုပ်ခတ်သွားသော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ဂျပန်မြောက်ပိုင်းတွင် အားပြင်းငလျင်လှုပ်ခတ်သွားသော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

တိုကျို၊ ဇန်နဝါရီ - ၁၄ ။             ။ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကမ်းခြေ ကမ်းလွန်တွင် အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ဆူနာမီသတိပေးချက်တော့ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ဂျပန် မိုးလေဝသအေဂျင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၁၄ရက်နေ့ ညနေ ၁၂:၃၀ အချိန်ခန့်တွင် ဟိုကိုင်းဒိုးတောင်ဖက်စွန်း ယူရာကာဝါမြို့အနီးတွင် ကနဦးအင်အား ၆.၇ပမာဏရှိ အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု ဆိုသည်။ ပင်လယ်ရေမျက်နှာပြင်အောင် ၅၀ကီလိုမီတာ (မိုင်၃၀)အနက်ကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လောလောဆယ်တွင် အထိအခိုက် အပျက်အစီးသတင်းကို မသိရှိရသေးပေ။

ယူရာကာဝါမြို့မှ သဘာဝကပ်ဘေး တားဆီးရေးအရာရှိ ဟီရိုယူကီ ကီနိုင်းက ဂျပန်နိုင်ငံပိုင်ရုပ်သံ NHK သို့ ပြောကြားရာတွင် ၎င်းမှာ ရုံးတွင် နေ့လယ်စာစားနေစဉ် ငလျင်လှုပ်သွားသောကြောင့် အံ့အားသင့်သွားရပြီး ပျက်စီးမှုအတိုင်းအတာကို ခန့်မှန်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ပူပူနွေးနွေး စတင်ပြေးဆွဲစ ဟိုကိုင်းဒိုး ကျည်ဆံရထားဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းထားခဲ့ရသော်လည်း ယခုပြန်လည်ပြေးဆွဲနေပြီဖြစ်သည်ဟု NHK က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly