အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်သစ် ခန့်အပ်မှု အတည်မပြုနိုင်သေး

By Babushahi
01 February 2022
အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်သစ် ခန့်အပ်မှု အတည်မပြုနိုင်သေး

အမေရိကန်ဆိုင်ရာ ပါကစ္စတန်သံအမတ်အဖြစ် အဆိုပြုခန့်အပ်ခံရသည့် မာဆွတ်ဒ် ခန်းကို အမေရိကန်အစိုးရဘက်က လက်ရှိအချိန်အထိ အတည်ပြုလက်ခံခြင်း မရှိသေးကြောင်း သံတမန်သတင်းရင်းမြစ်များ၏ ပြောကြားချက်ကို ကိုးကားပြီး The Nation သတင်းဌာနက ဖော်ပြသည်။

မာဆွတ်ဒ် ခန်းအား သံအမတ်ခန့်အပ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လုံးလုံးလျားလျား ပယ်ချထားခြင်း မရှိသော်လည်း ၎င်းကို သံအမတ်သစ်အဖြစ် လက်ခံအတည်ပြုခြင်းမရှိသေးဘဲ အချိန်ထပ်မံ တောင်းခံထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မာဆွတ်ဒ် ခန်းကို သံအမတ်သစ်အဖြစ် ခန့်ထားရန် အဆိုပြုမှုကို ပါကစ္စတန် နိုင်ငံခြားရေးရုံးက ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ပေးပို့ထားခဲ့ခြင်း ဖြစ်သည်။

ပုံမှန် သံတမန်ရေးရာ လုပ်ငန်းစဉ်အရ သံအမတ်ခန့်အပ်မှုကို အချိန် ၈ပတ်အတွင်း အတည်ပြုရမည် ဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မာဆွတ်ဒ် ခန်းကို လက်ခံအတည်ပြုရန် အချိန်ပိုမို တောင်းဆိုထားခဲ့ခြင်းဖြစ်ကြောင်း The Nation သတင်းဌာနက ဖော်ပြသည်။

မာဆွတ်ဒ် ခန်းသည် ဒီဇင်ဘာလက နှုတ်ဆက်ပွဲများကို စတင်လုပ်ဆောင်ခဲ့သော်လည်း ယင်းနောက်ပိုင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ၎င်းကို အတည်ပြုလက်ခံရန် နှောင့်နှေးကြန့်ကြာနေသည့်အတွက် နှုတ်ဆက်တွေ့ဆုံပွဲများ လုပ်ဆောင်ခြင်းကို ရပ်နားထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly