ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား၊ မီးလောင်မှုဖြစ်ပွားအရာအနီး ဗုံးပေါက်

By ကီရာ
01 February 2022
ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား၊ မီးလောင်မှုဖြစ်ပွားအရာအနီး ဗုံးပေါက်

ဖေဖော်ဝါရီ ၁

ရန်ကုန်တွင် ဖေဖော်ဝါရီ ၁ရက် နံနက် ၅နာရီ ၂၅မိနစ်အချိန်ခန့်က ကမာရွတ် (၈)ရပ်ကွက် ကျွန်းတောလမ်းရှိ Aung Myanmar Gas Stoves and Accessories ဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို ၁၀မိနစ်ခန့် မီးငြိမ်းသတ်ခဲ့ရသည်ဟု မြန်မာမီးသတ်ဌာန လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

မီးငြိမ်းသတ်ပြီး မီးသတ်ယာဥ်များ ထွက်ခွာသွားပြီးနောက် ၁၀မိနစ်ခန့်အကြာတွင် ဗုံးပေါက်ကွဲသံနှစ်ချက်ကိုလည်း ကြားခဲ့ရကြောင်း အဆိုပါအနီးအနားနေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

"မီးသတ်ကားသံတွေ ထွက်သွားပြီး ဆယ်မိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ ဗုံးပေါက်သံ အကျယ်ကြီးပဲ ထပ်ကြားလိုက်ရပြီး မီးတွေပါ လက်သွားတာ မြင်လိုက်ရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အလုံမြို့နယ် ထော်လီကွေ့အနီး မိုးကောင်းလျှပ်စစ်ဝင်းအတွင်းတွင်လည်း ယနေ့နံနက် ၅နာရီ ၃၅မိနစ်က မီးလောင်ကျွမ်းမှု ဆက််လက်ဖြစ်ပေါ်ခဲ့ပြီး မီးလောင်ကျွမ်းမှုကို Level 1 အဖြစ် သတ်မှတ်ကာ အချိန် ၃၅မိနစ်ကြာ မီးငြိမ်းသတ်ခဲ့ရသည်ဟု မြန်မာမီးသတ်ဌာန၏ ဖော်ပြထားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly