မြစ်ကြီးနားမြို့တွင် ယနေ့မနက် ရဲက ပစ်ခတ်၍ ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံး

မြစ်ကြီးနားမြို့တွင် ယနေ့မနက် ရဲက ပစ်ခတ်၍ ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံး

ဖေဖော်ဝါရီ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ကျွန်းပင်သာရပ်ကွက်၌ ယနေ့နံနက် ၆ နာရီအချိန်က အာဏာသိမ်းစစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့က ပစ်ခတ်ခြင်းကြောင့် ကလေးတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

ကျွန်းပင်သာနှင့် လယ်ကုန်းရပ်ကွက်စပ်အကြားရှိသည့် အမှတ် (၃၀) ရဲတပ်ရင်းအနီးမှာ ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး ယခုကဲ့သို့ ကျည်ထိမှန်ကာ သေဆုံးသွားရခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးသွားသည့် ကလေးငယ်၏ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရင်ခွဲမှတ်တမ်းရယူနိုင်ရန်အတွက် နေအိမ်မှလာရောက်ယူဆောင်သွားကြောင်း အဆိုပါပတ်ဝန်းကျင်မှ ဒေသခံများထံကနေ ကနဦးစုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly