နေပြည်တော်တွင် စစ်ကောင်စီက ဝန်ထမ်းများ နံနက် ၁၀ နာရီ ရုံးတက်ပြီး ၃ နာရီ ရုံးဆင်းရန် ညွှန်ကြား

နေပြည်တော်တွင် စစ်ကောင်စီက ဝန်ထမ်းများ နံနက် ၁၀ နာရီ ရုံးတက်ပြီး ၃ နာရီ ရုံးဆင်းရန် ညွှန်ကြား

ဇန်နဝါရီလ ၃၁ ရက်

နေပြည်တော်တွင် စစ်ကောင်စီက ရုံးဝန်ထမ်းများကို ဖေဖော်ဝါရီ ၁ရက်အတွက် နံနက် ၁၀ နာရီ ရုံးတက်ကာ ညနေ ၃နာရီတွင် ရုံးဆင်းရန် ညွှန်ကြားချက်ထုတ်ထားကြောင်း ဌာနဆိုင်ရာဝန်ထမ်းများအပြောအရသိရသည်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကို ပျက်ပြယ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

 တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အိမ်ထဲတွင် နေခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသမည့် အစီအစဉ်ကို တန်ပြန်ရန်လုပ်ဆောင်နေခဲ့သည်။မနက်ဖြန်တွင် စစ်တပ်ထောက်ခံပွဲများကျင်းပရန် စီစဉ်ခြင်း၊ ဈေးဆိုင်များအား မဖြစ်မနေ ဖွင့်ရမည်ဟု လက်မှတ်ထိုးခိုင်းကာ ခြိမ်းခြောက်ခြင်း၊ Silent Strike ရက်ရွှေ့ဆိုင်းကြောင်း ကြေငြာချက်အတုများထုတ်ပြန်ကာ သတင်းမှား လွှင့်ခြင်း၊ Silent Strike ကို ထောက်ခံသူများကို ဖမ်းဆီးပြခြင်းများဖြစ်ပေါ်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required