နိုင်ငံတကာနှင့်ပူးပေါင်း၍ အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်

နိုင်ငံတကာနှင့်ပူးပေါင်း၍ အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်

နေပြည်တော်၊ဇန်နဝါရီ ၁၃ ။            ။ နိုင်ငံတကာနှင့်ပူးပေါင်း၍ အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အတွက် သတင်းအချက်အလက် ဖလှယ်ရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

အကြမ်းမှုလုပ်ရပ်များ၏ အရင်းအမြစ်ဖြစ်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် သတင်းဖလှယ်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံက အမေရိကန်နိုင်ငံ၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ နီပေါ၊ အင်ဒိုနီးရှား၊ ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံများနှင့် ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဇန်နဝါရီ ၁၃ ရက်နေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းသည်။

“ နိုင်ငံတကာအကြမ်းဖက်မှုသတင်းများအား အချိန်နှင့်တပြေညီသိရှိနိုင်ရေးအတွက် Interpol၊ As eanapol အပါဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီချင်းနိုင်ငံများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက် သတင်း ဖလှယ်ခြင်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်“ ဟု ၎င်းက ပြောသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့နှင့်ငွေကြေးရေးဆိုင်ရာ စုံစမ်းလှမ်းထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်အညီ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ငွေကြေးဆိုင်ရာခဝါချမှု တိုက်ဖျက်ရေးဥပဒေတို့ကိုလည်း ပြဌာန်ပြီးဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသည်။

 နိုင်ငံအတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက်မှုမရှိစေရေးအတွက်လည်း အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol) ချိတ်ဆက်၍ လေဆိပ်များတွင် စောင့့်ကြည့်စစ်ဆေးခြင်းများ၊ နယ်စပ်ဝင်ထွက်မှု များကိုလည်း သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းစစ်ဆေးစောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် အကြမ်းဖက် တိုက်ဖျက်ရေးနှင့်ဆက်စပ်သည့် ကိစ္စအားလုံးတွင် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်ဆောင်ရွက်လျက်ရှိကြောင်းနှင့်   မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ဖျက်ရေးကော်မတီ (CTC) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှု တိုက်ဖျက်ရေးကွန်ဗင်း ရှင်းများ တွင်လည်း ပါဝင်လက်မှတ်ရေး ထားပြီးဖြစ်ကြောင်း လည်း ဗိုလ်မှူးချုပ်ေ ကျာ်ဇံမြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly