မြိတ်မြို့၌ အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

By ကိုရွှေမြိတ်
31 January 2022
မြိတ်မြို့၌ အသံတိတ်သပိတ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေ

ဇန်နဝါရီ ၃၁

မြိတ်မြို့၌ မြို့ခံ ပြည်သူများ အနေဖြင့် မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် စစ်အာဏာ ဖီဆန်ရေး silent strike အသံတိတ်သပိတ်တွင် ပူးပေါင်း ပါဝင်ပေးရန် လှုံ့ဆော်သည့် လက်ကမ်း စာစောင်များကို ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက လိုက်လံ ဖြန့်ဝေခဲ့ကြောင်း ဦးဆောင် လှုပ်ရှားသူများထံမှ သိရသည်။

အသံတိတ်သပိတ်တွင် ပူးပေါင်း ပါဝင်ရန် မြို့ပေါ်ရှိ ဈေးအချို့တွင် လှည့်လည်ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများထံမှ သိရသည်။ိ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly