အီးယူသို့ တရုတ်၏ ဝင်ပေါက်ဖြစ်သော အလယ်ပိုင်းနှင့်အရှေ့ဥရောပရှိ ခါးပတ်လမ်းစီမံကိန်း

အီးယူသို့ တရုတ်၏ ဝင်ပေါက်ဖြစ်သော အလယ်ပိုင်းနှင့်အရှေ့ဥရောပရှိ ခါးပတ်လမ်းစီမံကိန်း

တရုတ်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) နှင့် ကုန်းလမ်းဆက်သွယ်ရေးအတွက် အလယ်ပိုင်းနှင့် အရှေ့ ဥရောပနိုင်ငံများ (CEEC) ကို အလေးထားရန်နှင့် ဒေသတွင်း၌ ၎င်း၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် ခါးပတ်လမ်းစီမံကိန်းကို အသုံးချလျက်ရှိသည်။

လစ်သူယေးနီးယားပြီးနောက် စလိုဗေးနီးယားသည် ထိုင်ဝမ်ဘက်က ရပ်တည်လိုက်ခြင်းကို တရုတ်အစိုးရက မကျေမနပ် ဖြစ်ခဲ့သည်။ စလိုဗေးနီးယားသည် ထိုင်ဝမ်အမည်ဖြင့် ၎င်း၏မြို့တော်တွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ၂၀၂၁ ခုနှစ်တွင် နိုဝင်ဘာလတွင် ဂရိ၊ ဆားဘီးယား၊ အယ်လ်ဘေးနီးယားနှင့် အီတလီနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်က အဆိုပါနိုင်ငံများသည်

ဥရောပရှိ ပေကျင်း၏ အရေးကြီးသော 'ကော်ပိုရိတ်' မိတ်ဖက်များဖြစ်ကြောင်း မီးမောင်းထိုးပြောကြားခဲ့သည်။ ဂရိ၊ ဆားဗီးယားနှင့် အယ်လ်ဘေးနီးယားတို့သည် တရုတ်နှင့် CEEC ၁၆ နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော ၁၇+၁ (ယခုလစ်သူယေးနီးယားထွက်ပြီးနောက် ၁၆+၁) ယန္တရား၏ အစိတ်အပိုင်းဖြစ်သည်။

CEEC နိုင်ငံများအတွက် ပေကျင်း၏ ကြိုတင်ချေးငွေများသည် ၎င်းနိုင်ငံများ၏ဘဏ္ဍာရေးမတည်ငြိမ်မှု အလားအလာများကို ဖြစ်စေခဲ့သည်။ သဘောတူညီချက်များကို အကဲဖြတ်ရန် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မရှိသော အယ်လ်ဘေးနီးယားကဲ့သို့ နိုင်ငံငယ်များသည် တရုတ်၏ ငွေကြေးထောက်ပံ့မှုကို ခုခံနိုင်စွမ်းမရှိကြောင်း BRI စံနှုန်းကို ကောင်းစွာနားလည်သည့် ကျွမ်းကျင်သူများကပြောသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ CEEC နိုင်ငံများရှိ BRI ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ မကြာသေးမီနှစ်များအတွင်း BRI ဆိုင်ရာ တရုတ်၏လုပ်ဆောင်မှုများသည် အီးယူ၏စီးပွားရေးအနေအထားကို ထိခိုက်စေမည်ဖြစ်သောကြောင့် အီးယူတွင် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံသည် အီးယူအဖွဲ့ဝင်များနှင့် နှစ်နိုင်ငံဆက်ဆံရေးကို အားကောင်းအောင် လုပ်ဆောင်နေပြီး ၎င်း၏စီးပွားရေးစွမ်းပကားကို အသုံးပြုကာ အီးယူတွင် သဘောထားကွဲလွဲမှုများ ဖန်တီးလျက်ရှိသည်။ CEEC နိုင်ငံအများအပြားတွင် တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အကောင်းမြင်ကြသည်။

ပြီးခဲ့သောဇွန်လက PEW စစ်တမ်းတစ်ခုအရ ဂရိနိုင်ငံမှ သဘောထားများက တရုတ်နိုင်ငံကို ထောက်ခံခဲ့ကြပြီး ဆွီဒင်၊ နယ်သာလန်၊ ဂျာမနီနှင့် ပြင်သစ်၊ အီတလီနှင့်စပိန်တို့ အပါအဝင် အခြားသော အီးယူနိုင်ငံများက တရုတ်အပေါ် အကောင်းမမြင်ပေ။ တရုတ်အစိုးရသည် အားနည်းသော အီးယူနိုင်ငံများအပေါ် သြဇာလွှမ်းမိုးမှု ဆက်လက်တိုးမြင့်လာကာ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အင်အားအပျော့များမှတစ်ဆင့် နိုင်ငံပိုင် အင်စတီကျူးရှင်းများကို ဆုတ်ယုတ်စေခဲ့သည်။ တရုတ်နိုင်ငံသည် အီးယူသမဂ္ဂကို ဝင်ပေါက်လမ်းအဖြစ် CEEC နိုင်ငံများကို အာရုံစိုက်ကာ ၎င်း၏ ခါးပတ်လမ်းစီမံကိန်းကို တွန်းအားပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly