ပေကျင်းဆောင်းရာသီအိုလံပစ်ကို သပိတ်မှောက်ရန် တူရကီ၌ ဆန္ဒပြ

ပေကျင်းဆောင်းရာသီအိုလံပစ်ကို သပိတ်မှောက်ရန် တူရကီ၌ ဆန္ဒပြ

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော် မစတင်မီ ရက်အနည်းငယ်အလို၌ တူရကီမြို့တော်တွင် ဒါဇင်နှင့်ချီသော ဆန္ဒပြသူများက လမ်းမပေါ်ထွက်ကာ တရုတ်နိုင်ငံ၏ အခွင့်အရေးချိုးဖောက်မှုများကြောင့် အားကစားပွဲများကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် အစ္စတန်ဘူလ်၏ အိုလံပစ်ကော်မတီ အဆောက်အအုံ အပြင်ဘက်တွင် ဇန်နဝါရီ ၂၃ ရက်က စုဝေးခဲ့ကြပြီး အရှေ့တာကစ္စတန် လွတ်လပ်ရေးလှုပ်ရှားမှုအလံများကို ဝှေ့ယမ်းခဲ့ကြသည်။

ဆန္ဒပြသူ အများအပြားက တရုတ်နိုင်ငံကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြကာ အချို့က "လူမျိုးတုံးသတ်ဖြတ်မှုအိုလံပစ်ပွဲရပ်” ဟူသော စာတန်းများ ကိုင်ဆောင်ထားကြသည်။

“တရုတ်နိုင်ငံဟာ ဝီဂါတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအားလုံးကို ကျူးလွန်နေချိန်မှာ အိုလံပစ်ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် မရှိပါဘူး” ဟု ဆန္ဒပြသူတစ်ဦး၏ ပြောကြားချက်ကို အယ်လ်ဂျာဇီးရားက ကိုးကားဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လများအတွင်း အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် တရုတ်နိုင်ငံကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ကမ္ဘာတစ်ဝှမ်းတွင် ပေါ်ပေါက်လာခဲ့သည်။

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီတွင် ကျင်းပရန် စီစဉ်ထားပြီး အမေရိကန်နှင့် အခြားနိုင်ငံ အများအပြားကလည်း အဆိုပါပွဲကို သံတမန်နည်းအရ သပိတ်မှောက်ထားကြသည်။

လူမျိုးတုံးသတ်ဖြတ်မှု သို့မဟုတ် ရှင်ကျန်းတွင် အတင်းအကျပ် အလုပ်ခိုင်းစေသောစခန်းများ တည်ရှိနေခြင်းကို တရုတ်အစိုးရ ငြင်းဆိုထားပြီး ၎င်းဒေသအကြောင်းကို အမေရိကန်နှင့် မဟာမိတ်များက ကောလာဟလများဖြန့်နေကြောင်း စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly