ဂျပန်လူမျိုး ၇၅ ဒသမ ၉ ရာခိုင်နှုန်းက ထိုင်ဝမ်နှင့် နီးစပ်သည်ဟု ခံစားရ

By Taiwan News
29 January 2022
ဂျပန်လူမျိုး ၇၅ ဒသမ ၉ ရာခိုင်နှုန်းက ထိုင်ဝမ်နှင့် နီးစပ်သည်ဟု ခံစားရ

၂၀၂၁ခုနှစ် “ထိုင်ဝမ်ဆိုင်ရာ အသိပညာပေး စစ်တမ်းအစီရင်ခံစာ” တွင် စစ်တမ်းကောက်ယူခဲ့သည့် ဂျပန်လူမျိုး ၇၅ ဒသမ ၉ ရာခိုင်နှုန်းက ထိုင်ဝမ်နှင့် နီးစပ်သည်ဟု ခံစားရပြီး ၆၄ ဒသမ ၈ ရာခိုင်နှုန်းက ထိုင်ဝမ်သည် ယုံကြည်စိတ်ချရကြောင်းဆိုသည်ဟု ဂျပန်ရှိ တိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုယ်စားလှယ်ရုံး (TECRO) က ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။

ထိုင်ဝမ်နှင့် ရင်းနှီးကြောင်း ခံစားရသူအများစုက ထိုင်ဝမ်သားများသည် “ကြင်နာဖော်ရွေကြောင်း” ခံစားခဲ့ရ သည်ဟု ဆိုပြီး၊ အခြားအဓိက အကြောင်းရင်းများတွင် နှစ်နိုင်ငံ၏ “ရှည်လျားသော အပြန်အလှန်ဆက်ဆံ ရေးသမိုင်းကြောင်း” နှင့် “ခိုင်မာသောစီးပွားရေးဆက်ဆံမှုများ” တို့ ပါဝင်သည်။

ဖြေဆိုသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်းကသာ ထိုင်ဝမ်သို့ အမှန်တကယ်လာရောက်လည်ပတ်ခဲ့ပြီး ၄၇ ဒသမ ၈ ရာခိုင်နှုန်းက ကပ်ရောဂါပြီးလျင် လည်ပတ်ချင်ကြောင်းဆိုသည်။

ဖြေဆိုသူ ၄၆ ဒသမ ၆ ရာခိုင်နှုန်းက အာရှနိုင်ငံအားလုံးအနက် ထိုင်ဝမ်ကို အနီးစပ်ဆုံးဟု ခံစားခဲ့ရကြောင်းနှင့် ၃ ရာခိုင်နှုန်းသာ တရုတ်နှင့်နီးစပ်သည်ဟု ခံစားရသည်။

နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်၍ ဖြေဆိုသူ ၇၁ ဒသမ ၄ ရာခိုင်နှုန်းက “လက်ရှိ ထိုင်ဝမ်-ဂျပန် ဆက်ဆံရေး ကောင်းမွန်သည်” ဟု ယုံကြည်ကြပြီး ၅၉ ဒသမ ၆ ရာခိုင်နှုန်းက “ထိုင်ဝမ်-ဂျပန် ဆက်ဆံရေးသည် အနာဂတ်တွင် တိုးတက်လာမည်” ဟု ယုံကြည်ကြသည်။

စစ်တမ်းအရ ထိုင်ဝမ်ကို ယုံကြည်စိတ်ချရသည့် အကြီးမားဆုံးအကြောင်းရင်းမှာ ထိုင်ဝမ်၏ “ဂျပန်အပေါ် ဖော်ရွေမှု” ကြောင့်ဖြစ်ပြီး ထိုင်ဝမ်၏ “လွတ်လပ်သော ဒီမိုကရေစီတန်ဖိုးများ” နှင့် ထိုင်ဝမ်ကို “ငြိမ်းချမ်းသောနိုင်ငံ” အဖြစ် ခံယူခြင်းတို့ကြောင့်လည်း ဖြစ်သည်။

“ထိုင်ဝမ်နှင့် တရုတ်အကြား ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေး က ဂျပန်အပေါ် အကျိုးသက်ရောက်မှု ကြီးမားမည်ကို ဖြေဆိုသူအများစု ၄၀ ဒသမ ၇ ရာခိုင်နှုန်းက အလွန် စိုးရိမ်ကြသည်။

ငါးဖမ်းလုပ်ငန်း (၈ ဒသမ ၂ ရာခိုင်နှုန်း)နှင့် ထိုင်ဝမ်နှင့် ဂျပန် စီးပွားရေးပြိုင်ဆိုင်မှု (၆ ဒသမ ၈ ရာခိုင်နှုန်း)တို့ အတွက် စိုးရိမ်သူများလည်းရှိပြီး ဖြေဆိုသူ ၂၄ ဒသမ ၄ ရာခိုင်နှုန်းက နှစ်နိုင်ငံအကြားတွင် ပြဿနာမရှိဟု ယုံကြည်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly