၂၀၂၀ ဒီဇင်ဘာနောက်ပိုင်း တရုတ်က အီရန်မှ ရေနံများ ပထမဆုံးအကြိမ် တရားဝင် တင်သွင်း

၂၀၂၀ ဒီဇင်ဘာနောက်ပိုင်း တရုတ်က အီရန်မှ ရေနံများ ပထမဆုံးအကြိမ် တရားဝင် တင်သွင်း

အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း အီရန်မှ ရေနံစိမ်းများကို တစ်နှစ်အတွင်း ပထမဆုံးအကြိမ် တင်သွင်းမည်ဖြစ်ကြောင်း တရုတ်အကောက်ခွန်ဌာနက ဇန်နဝါရီ ၂၀ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်သည် ဒီဇင်ဘာလတွင် အီရန်ရေနံစိမ်း တန်ချိန် ၂၆၀,၃၁၂ တင်သွင်းခဲ့ကြောင်း တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားပြီး ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် အီရန်ရေနံဝင်ရောက်မှု တန်ချိန် ၅၂၀ဝ၀ဝ ဖြင့် နောက်ဆုံးစံချိန်တင်ခဲ့သည်။

အလွန်ကြီးမားသော ရေနံတင်သင်္ဘောကြီး (VLCC) ဖြင့် တင်ဆောင်ရမည့် ရေနံပမာဏနှင့် ညီမျှသည့် ရေနံများကို နောက်ဆုံးအခေါက်တွင် မည်သည့်ကုမ္ပဏီသင်္ဘောဖြင့် သယ်ဆောင်လာပြီး မည်သည့် ဆိပ်ကမ်းတွင် သယ်ယူခဲ့သည်ကို လတ်တလောမသိရသေးပေ။

တရားဝင်မဟုတ်ဘဲ တရုတ်က အီရန်ရေနံတင်သွင်းမှုသည် သြဂုတ်လနှင့် အောက်တိုဘာလအတွင်း ပျမ်းမျှ အားဖြင့် တစ်ရက်လျှင် စည် ၅၀ဝ,ဝဝဝ အထက်တွင် ရှိနေကြောင်း၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုန္တရာယ်ကို ကျော်လွန်ပြီး ဝယ်လက်များက ချိုသာသောဈေးနှုန်းဖြင့် ရေနံစိမ်းရရှိနိုင်သည် ရိုက်တာသတင်းဌာနက နိုဝင်ဘာတွင် ဖော်ပြခဲ့သည်။

ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန်အတွက် အီရန် ရေနံစိမ်းများကို တရုတ်သို့ တင်ပို့ခြင်းကို အိုမန်၊ အာရပ် စော်ဘွားများ ပြည်ထောင်စုနှင့် မလေးရှားသို့ အမှတ်အသားပြုထားပြီး ဘရာဇီးနှင့် အနောက် အာဖရိကတို့ အစားပေးခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောကြားခဲ့သည်။

အီရန်မှ ရေနံစိမ်းတင်သွင်းမှုသည် တရုတ်ရေနံစိမ်းတင်သွင်းမှု စုစုပေါင်း၏ ၆ ရာခိုင်နှုန်းခန့်ရှိကြောင်း သင်္ဘော အချက်အလက်နှင့် ကုန်သည်များ၏ ခန့်မှန်းချက်များက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly