ဇိုမီးလူမျိုး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ ခု မဟာမိတ် တပ်ပေါင်းစုအဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်မည်

ဇိုမီးလူမျိုး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄ ခု မဟာမိတ် တပ်ပေါင်းစုအဖြစ် ပူးတွဲ စစ်ရေးလေ့ကျင့်မည်

ဇန်နဝါရီလ ၂၈ ရက်

ချင်းပြည်နယ် အခြေစိုက် ဇိုမီးလူမျိုး ဒေသကာကွယ်ရေးအဖွဲ့လေးခု ဇိုမီးမဟာမိတ် တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်မည်ဟု Zomi PDF တပ်ရင်းမှူး ဗိုလ်စံစံက မဇ္ဈိမကို ပြောသည်။

Zomi PDF၊ People Defense Army (PDA)၊ Civic Defense Militia (CDM) နှင့် Zogam Army တို့ကို ဇိုမီး မဟာမိတ်တပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

Zomi PDF တပ်ရင်းမှူး ဗိုလ်စံစံက “အဲလို စည်းလုံးချင်တာ ကြာပါပြီ။ အခုစည်းလုံးနိုင်လို့ အရမ်းဝမ်းသာတယ်။ တကယ့် ထိပ်သီး လေးခုပါ။ Zomi လူမျိုးတွေထဲမှာ တကယ့်ထိပ်သီး လေးခု အခုလို ပေါင်းစပ်နိုင်တာ တကယ့် အားတက်စရာပါ” ဟု ပြောသည်။

ယခု ဖွဲ့စည်းလိုက်သည့် ညီနောင်မဟာမိတ် တပ်ပေါင်းစု အနေဖြင့် စစ်အာဏာရှင်ကို အတူလက်တွဲ တိုက်ထုတ်ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရေး အတူတကွ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required