သမ္မတရှီ ကိုယ်တိုင်က တရုတ်စီးပွားရေးအတွက် အန္တရာယ်ဖြစ်နေ

သမ္မတရှီ ကိုယ်တိုင်က တရုတ်စီးပွားရေးအတွက် အန္တရာယ်ဖြစ်နေ

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရက်စက်ပြီး အစွန်းရောက်သော မူဝါဒများ၏ ဘေးထွက် ဆိုးကျိုးများ အဓိက ပါဝင်သည့် အစီရင်ခံစာတွင် သူကိုယ်တိုင်က နိုင်ငံ၏ စီးပွားရေးအတွက် အန္တရာယ်ရှိနေကြောင်း Japanese daily သတင်းစာက ထုတ်ဝေဖော်ပြခဲ့သည်။

တရုတ်တွင် အဆိုးဆုံးဖြစ်အိမ်ခြံမြေအကျပ်အတည်း၊ ကိုဗစ်-၁၉ ပြန်လည် ဖြစ်ပွားနေခြင်းနှင့် ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး လုံးဝသည့်မခံသည့် တင်းကျပ်သည့်မူဝါဒများကြောင့် ၂၀၂၁ခုနှစ် နောက်ဆုံးလများအတွင်း စီးပွားရေး တိုးတက်မှု အားနည်းနေစဉ် ကျွမ်းကျင်သူများက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

၂၀၂၁ခုနှစ်တိုးတက်မှု ကိန်းဂဏန်းများက မျှော်လင့်ချက်များနှင့် အနည်းငယ်ကိုက်ညီသည်။

သို့သော် တရုတ်ဂျီဒီပီသည် ၂၀၂၁ခုနှစ် နောက်ဆုံး ၃လပတ်တွင် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်ကို ကျွမ်းကျင်သူများက ထောက်ပြပြောဆိုခဲ့ပြီး တစ်နှစ်ခွဲအတွင်း တိုးတက်မှု အနည်းဆုံးဖြစ်သည်။

"အကယ်၍ ရှီအနေဖြင့် ဆောင်းဦးကာလ ကွန်မြူနစ်ပါတီအမျိုးသားကွန်ဂရက်တွင် စီးပွားရေးအခြေအနေကို တိုးတက်အောင် မပြုလုပ်နိုင်ပါက ၎င်း၏ အာဏာကိုအကျိုးသက်ရောက်နိုင်သည်” ဟု တရုတ်နိုင်ငံရေး ရင်းမြစ်များကို ကိုးကားပြီး ဂျပန်ဘဏ္ဍာရေးသတင်းစာ Nikkei Asia က ဖော်ပြခဲ့သည်။

နောက်ဆုံး စုစုပေါင်းပြည်တွင်းထုတ်ကုန် ကိန်းဂဏန်းများကို ဇန်နဝါရီလ ၂၄ရက်တွင် ကြေညာပြီးနောက် တရုတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး အလွန်အမင်းယုံကြည်မှုလွန်ကဲခြင်းက ဆိုးရွားလှသည်ဟု တရုတ်စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ အကြီးအကျယ်စီးပွားရေးနှေးကွေးမှုကို ကြည့်ရင် အမေရိကန်ကို ကျော်တက်မယ်ဆိုတာက မနီးစပ်တော့ဘဲ ပိုအလှမ်းဝေးသွားပါပြီ" ဟု စီးပွားရေးပညာရှင်က ဆိုသည်။

ယခင်ခန့်မှန်းထားသည် ၅နှစ်နောက်ကျပြီးမှ တရုတ်ဂျီဒီပီသည် အမေရိကန်ဂျီဒီပီထက် ၂၀၃၃ခုနှစ်တွင် ကျော်လွန်သွားလိမ့်မည်ဟု ဂျပန်စီးပွားရေးသုတေသနစင်တာက ၂၀၂၁ခုနှစ်က ခန့်မှန်းခဲ့သည်။

ယခင်က ၂၀၂၈ခုနှစ်တွင် တရုတ်ဂျီဒီပီသည် အမေရိကန်ဂျီဒီပီထက် ကျော်လွန်သွားလိမ့်မည်ဟု ဂျပန်စီးပွားရေးသုတေသနစင်တာက ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly