ဂျမူးနှင့် ကက်ရှ်မီးယားက နို်ငငံအနှံ့မှ အိမ်ရာလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်

By Daily Sikh
27 January 2022
ဂျမူးနှင့် ကက်ရှ်မီးယားက နို်ငငံအနှံ့မှ အိမ်ရာလုပ်ငန်း ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသအစိုးရက နို်ငငံအနှံ့မှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရန် အိမ်ရာလုပ်ငန်းထိပ်သီး ဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။

စီးပွားရေးကြွယ်ဝပြည့်စုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးဆိုင်ရာ အားကောင်းစေရေးတို့အတွက် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲတွင် ရူပီး ၁၈၃၀၀ ကုဋေ တန်ဖိုးရှိ သဘောတူစာချုပ်များကို ချုပ်ဆိုနိုင်ခဲ့သည်။

ယင်းကဲ့သို့ များပြားသည့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကမ်းလှမ်းချက်များကို ရရှိခြင်းသည် နှစ်ပေါင်း ၇၀ အတွင်း ဂျမူးနှင့် ကက်ရှ်မီးယားဒေသအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးဦးစားပေးအဆင့်မှ ဖျက်သိမ်းကာ ပြည်ထောင်စုနယ်မြေများအဖြစ်သို့ သတ်မှတ်လိုက်သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၅ ရက် မတိုင်ခင်အထိ အထူးပြည်နယ်ဟု ဖြစ်နေသောကြောင့် ယင်းဒေသတွင် ပြင်ပမှ လာရောက် ရင်းနှီးမြှုပ်များမရှိခဲ့ပေ။

အထူးပြည်နယ် ဖြစ်သောကြောင့် ဖွံ့ဖြိုးမှု နိမ့်ကျသည့် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်အတွင်း အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများကို နှစ် ၇၀ ဆုံးရှုံးခဲ့ရသည်။ သို့သော် လွန်ခဲ့သည့် ၂ နှစ်အတွင်း အခြေအနေများ ပြောင်းလဲသွားကာ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုများကို ရရှိခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးဘားဒေသသည် ဖွံ့ဖြိုးတိုးတက်မည့် စက်မှုလုပ်ငန်းနယ်မြေအဖြစ်သို့ လာမည့် နှစ်များတွင် ဖြစ်လာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာကာ ကုမ္ပဏီ ရုံးခန်းကြီးများလည်း ပေါ်ထွန်းလာနိုင်မည်ဖြစ်သည်။ အခွင့်အလမ်းများက ပြည်သူတို့၏ တံခါးများကို စတင်ခေါက်နေပြီး အမိအရ ဆုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။ ဖွံ့ဖြိုးမှုက ပြည်သူတို့၏ ဘဝပြောင်းလဲရေးတွင် အဓိကကျနေသည်။

အိန္ဒိယနိုင်ငံသားများအနေဖြင့် မြေကွက်များကို ဝယ်ယူနိုင်ကြောင်း ဂျမူးတွင် ကျင်းပခဲ့သည့် အိမ်ရာကဏ္ဍ ဆွေးနွေးပွဲအစီအစဉ်က သိရှိစေခဲ့သည်။ အဆိုပါ အစီအစဉ်တွင် နားလည်မှုစာချွန်လွှာ ၃၉ ခုကို ရေးထိုးနိုင်ခဲ့ရာတွင် နေအိမ်၊ ကူးသန်းရောင်းဝယ်ရေး၊ အခြေခံအဆောက်အအုံနှင့် ရုပ်ရှင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။

အလားတူ ဆွေးနွေးပွဲတစ်ခုကို ဆရီနဂါမြို့တွင် ယခုနှစ် မေလ၌ ကျင်းပသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly