မြန်မာအမျိုးသမီးဝန်ထမ်းအား မတ်တပ်ရပ်ဒဏ်ပေးခဲ့သည့် တရုတ်အရာရှိအမှု စစ်ဆေးမည်

မြန်မာအမျိုးသမီးဝန်ထမ်းအား မတ်တပ်ရပ်ဒဏ်ပေးခဲ့သည့် တရုတ်အရာရှိအမှု စစ်ဆေးမည်

မုံရွာ၊ ဇန်နဝါရီ ၁၂ ။              ။ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းလုပ်ကိုင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦးအား မတ်တပ်ရပ်ဒဏ်ပေးခဲ့သည့် တရုတ်အရာရှိအား တရားရုံးတွင် ဦးတိုက်လျှောက်ထားတရားစွဲဆိုသည့်အမှုအား ဇန်နဝါရီ ၁၄ ရက်နေ့တွင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း ကာယကံရှင် မကြည်ကြည်မေ ကပြောကြားသည်။

ကုမ္ပဏီ၏ ညစာစားပွဲမတက်ရောက်သဖြင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီစားဖိုဆောင်တွင် ခုံပေါ်တက်ကာ မတ်တပ်ရပ်ခိုင်းခဲ့ခြင်း ဖြစ်ပြီး၊ ယင်းသို့ ပြစ်ဒဏ်ပေးခဲ့မှုနှင့် ပတ်သက်၍ ကုမ္ပဏီက စစ်ဆေးခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် ဇန်နဝါရီ ၅ရက်နေ့တွင် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

" အပြစ်မရှိပါဘူး ဆိုတာကို အတင်းအဓမ္မ ပြစ်ဒဏ်ပေးခဲ့တာပါ။ မခံမရပ်နိုင်တဲ့ အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ ၁၄ ရက်နေ့မှာ စတင်စစ်ဆေးမှာပါ။ တရားလိုကို စစ်ဆေးမယ်လို့ သိရပါတယ်။" ဟု ကာယကံရှင် မကြည်ကြည်မေကပြောသည်။

 တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုနှင့် ပက်သက်၍  ရာကြီးအမှတ်(၇/၂၀၁၆) ဖြင့် အမှုလက်ခံထားကြောင်း ဆားလင်းကြီးမြို့နယ် တရားရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly