အိန္ဒိယက သခွားသီးနှင့် သခွားသီးချဉ်ဖတ်များ ပြည်ပသို့ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

အိန္ဒိယက သခွားသီးနှင့် သခွားသီးချဉ်ဖတ်များ ပြည်ပသို့ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် သခွားသီးနှင့် သခွားသီးချဉ်ဖတ်များ ပြည်ပသို့ အများဆုံး တင်ပို့သည့် နိုင်ငံ ဖြစ်လာကာ ဧပြီလမှ အောက်တိုဘာလအတွင်း အဆိုပါသီးနှံ ၁၂၃၈၄၆ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၄ သန်း ရရှိခဲ့သည်။

ယမန်နှစ် တစ်နှစ်လုံးအတွင်း သခွားသီးချဉ်ဖတ်တင်ပို့မှုမှ ရရှိငွေသည် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိခဲ့ပြီး ၂၀၂၀-၂၀၂၂၁ ဘဏ္ဍာနှစ်တွင် သခွားသီးနှင့် သခွားသီးချဉ်ဖတ် တန်ချိန် ၂၂၃၅၁၅ တင်ပို့ခဲ့ရာမှ ဒေါ်လာ ၂၂၃ သန်း ဝင်ငွေ ရရှိခဲ့သည်။

စိုက်ပျိုးရေးနှင့် ပြုပြင်ထားသည့် စားသောက်ကုန်များ ပြည်ပတင်ပို့မှု တိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA) သည် အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေးနှင့် ကမ္ဘာ့ဈေးကွက်တွင် ထုတ်ကုန်တိုးမြှင့်ရေး အစီအစဉ်အများအပြားကို အကောင်အထည်ဖော်ခဲ့သလို ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ဝန်ကြီးဌာနလက်အောက်မှ ကူးသန်းရောင်းဝယ်ရေး ဌာန၏ ညွှန်ကြားချက်အရ စားသောက်ကုန်များ ဘေးကင်းလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲသည့် စနစ်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်။

သခွားသီးများနှင့် ဗနီဂါသို့မဟုတ် အက်ဆစ်တစ်အက်ဆစ်ဖြင့် ပြုပြင်ထားသည့် သခွားချဉ်များအား ပြည်ပသို့ တင်ပို့ခြင်းကို ကာနာတာကာပြည်နယ်တွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းက စတင်ခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ တမီးလ်နာဒူး၊ အန်ဓရာပရာဒေ့ရှ်နှင့် တီလန်ဂါနာ ပြည်နယ်များတွင်လည်း လုပ်ဆောင်လာကာ အိန္ဒိယ၏ ကမ္ဘာ့သခွားချဉ်ဈေးကွက်၏ ၁၅ ရာခိုင်နှုန်းနီးပါးကို တင်ပို့ရောင်းချလျက်ရှိသည်။

အိန္ဒိယတွင် ချဉ်ဖတ်ထည့်သည့် သခွားသီးစိုက်ပျိုးသော အသေးစားလယ်လုပ်ငန်းရှင် ၉၀၀၀၀ ခန့်က နှစ်စဉ် ၆၅၀၀၀ ဧက စိုက်ပျိုးကြသည်။

ချဉ်ဖတ်ထည့်ထားသည့် သခွားသီးများကို စက်မှု ကုန်ကြမ်းအဖြစ်လည်းကောင်း၊ အသင့်စားသုံးရန် အစားအစာအဖြစ် ခရားများအတွင်း ထည့်၍ လည်းကောင်း ရောင်းချကြသည်။ အိန္ဒိယတွင် သခွားချဉ်များကို စည်ပိုင်းများဖြင့်လည်းကောင်း၊ အသင့်စားသုံးနိုင်သည့် အထုပ်များဖြင့်လည်းကောင်း ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့သည့် လုပ်ငန်းကြီး ၅၁ ခုနီးပါး ရှိသည်။

ပြုပြင်ထားသည့် ဟင်းသီးဟင်းရွက်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရာတွင် အခြေခံအဆောက်အအုံမြှင့်တင်ရေး၊ သခွားချဉ်များ အရည်အသွေးတိုးတက်ရေး၊ နိုင်ငံတကာဈေးကွက်သို့ ပိုမိုရောက်ရှိရေးနှင့် ထုတ်လုပ်မှုအဆင့်များတွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ဆောင်သည့် စနစ်များ အကောင်အထည်ဖော်ရေးတို့တွင် APEDA က အကူအညီပေးလျက်ရှိသည်။

သခွားချဉ် စိုက်ပျိုးသည့် လယ်သမားတစ်ဦး၏ တစ်နှစ်လျှင် တစ်ဧက ပျမ်းမျှ ထုတ်လုပ်မှုမှာ မက်ထရစ် ၄ တန်ဖြစ်ပြီး ဝင်ငွေအားဖြင့် ရူပီး ၈၀၀၀၀ (ဒေါ်လာ ၁၀၇၅ ဒသမ ၇၇) ရရှိကာ အသားတင်အမြတ် ရူပီး ၄၀၀၀၀ (ဒေါ်လာ ၅၃၇ ဒသမ ၈၈) ရှိသည်။ သခွားချဉ်သည် စိုက်ပျိုးပြီး ရက်၉၀ အကြာတွင် ခူးယူရောင်းချနိုင်ပြီး ၁ နှစ်လျှင် ၂ ကြိမ် ခူးယူနိုင်သည်။ နို်ငငံတကာမှ ဝယ်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် နိုင်ငံတကာ ထုတ်လုပ်မှု စံနှုန်းများကိုလည်း ဆောင်ရွက်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly