နီပေါတွင် မြေယာကျူးကျော်မှုများနှင့်ပတ်သက်၍ တရုတ်၏ BRI စီမံကိန်းကို ဆန္ဒပြ

နီပေါတွင် မြေယာကျူးကျော်မှုများနှင့်ပတ်သက်၍ တရုတ်၏ BRI စီမံကိန်းကို ဆန္ဒပြ

နီပေါနိုင်ငံမှ ပြည်သူများသည် တရုတ်က နီပေါမြေများကို တရားမဝင် သိမ်းပိုက်ခြင်း ဟု ခေါ်ဆိုကြသည့် ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းအပါအဝင် အကြောင်းပြချက်များစွာဖြင့်တရုတ်နိုင်ငံကို ကန့်ကွက်ဆန္ဒပြနေကြသည်ဟု ကနေဒါအခြေစိုက် အခွင့်အရေးနှင့်လုံခြုံရေးဆိုင်ရာနိုင်ငံတကာဖိုရမ် (IFFRAS) က ပြောသည်။

ဟူမလာ၊ ဂေါခါ၊ ဒါချူလာ၊ ဒိုလာခါနှင့် ဆင်ဒူပါချော ကဲ့သို့သော ဒေသများတွင် မြေယာကျူးကျော်မှုများရှိကြောင်း နီပေါမီဒီယာများကို ကိုးကား၍ (IFFRAS) က ပြောသည်။

နီပေါအစိုးရသည် နယ်စပ်ကို စစ်တမ်းကောက်ယူရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ အခိုင်အမာဆောက်ထားသော အဆောက်အအုံများနှင့် သွပ်ဆူးကြိုး ခြံစည်းရိုးများကိုတွေ့ရှိခဲ့သည်။ ဟူမလာဒေသတွင် ကျူးကျော်ဝင်ရောက်မှုသည် နယ်နိမိတ်အတွင်း ၁ ကီလိုမီတာအထိ ရောက်ရှိနေသည်ဟု IFFRAS ကဆိုသည်။

IFFRAS ၏ အဆိုအရ အကြွေးထောက်ချောက်ထဲကျနေကြသော BRI ချေးငွေကို လက်ခံသည့် နိုင်ငံများ၏သတင်းများကြောင့် နိုင်ငံတွင်းရှိ စီမံကိန်းများနှင့်ပတ်သက်ပြီး နီပေါပြည်သူများက စိုးရိမ်ပူပန်နေကြသည်။

BRI ၏ စက်မှုဇုန်ရှိ တရားမဝင်သောလှုပ်ရှားမှုများကို အရေးတယူလုပ်ရန် တောင်းဆိုခဲ့ကြသော ဌာနေအသိုင်းအဝိုင်းများအပါအဝင် ဆန္ဒပြသူပေါင်း ၅ ၀၀၀ ကျော်ရှိသည်ဟု IFFRAS မှဖော်ပြခဲ့သည်။

နီပေါနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက BRI သည် လူမှုရေးနှင့် ဂေဟဗေဒဆိုင်ရာကဏ္ဍများကို အပျက်သဘော သက်ရောက်မှုဖြစ်စေမည့် ရေရှည်မတည်တံ့နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်နေသည်ဟု ဆိုကြသည်။

နီပေါ၏ လုံခြုံရေးဆိုင်ရာအကျိုးစီးပွားအတွက် အရေးပါသော ဗျူဟာမြောက်ကဏ္ဍများကို တရုတ်က လုပ်ဆောင်နေသည်ကိုလည်း စိုးရိမ်မှုများရှိနေသည်။ နီပေါပြည်သူများက မြေယာကျူးကျော်မှုအပြင် BRI ကို အဓိကအကြောင်းပြချက်အဖြစ် ရှုမြင်ကြသည်။

"BRI စီမံကိန်းက နီပေါအပါအဝင် ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ပရိယာယ်တစ်ခုပါ။ BRI စီမံကိန်းကို နီပေါနိုင်ငံမှာ အကောင်အထည်ဖော်ခွင့်မပြုသင့်ပါဘူး” ဟု Loktantirk ဆိုရှယ်လစ်ပါတီမှ ဘာရင်ဒရာဆာ၏ပြောကြားချက်ကို ကိုးကား၍ IFFRAS က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly