အမေရိကန် လေယာဉ်တင်သင်္ဘောများ တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်

အမေရိကန် လေယာဉ်တင်သင်္ဘောများ တောင်တရုတ်ပင်လယ်အတွင်းသို့ ဝင်ရောက်

တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန် လေယာဉ်တင်သင်္ဘောများသည် စစ်ဆင်ရေးများ စတင်ရန် တောင်တရုတ်ပင်လယ်အတွင်းသို့ ဇန်နဝါရီလ ၂၃ရက်က ဝင်ရောက်လာခဲ့သည်။

အမေရိကန်ရေတပ်မှ လေယာဉ်တင်တိုက်ခိုက်ရေးသင်္ဘောအုပ်စုဖြစ်သည့် Carl Vinson နှင့် Abraham Lincoln တို့သည် ရေကြောင်းဘက်ပေါင်းစုံ-ပင်လယ်ပြင်စစ်ဆင်ရေးနှင့် တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုတို့ကို အားကောင်းလာစေရန် ရည်ရွယ်သည့် စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ရေတပ် လေယာဉ်တင်သင်္ဘောအုပ်စု (CSG 3) နှင့်အတူ လျင်မြန်စွာ စုဖွဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ဖြင့် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ထောက်ပံ့ရန် တောင်းဆိုသောအခါတွင် အမေရိကန်ရေတပ်၏ ရေကြောင်းအင်အား လွှမ်းမိုး ဖြန့်ကျက်ပေးနိုင်သည့်စွမ်းရည်ကို ပြသခဲ့သည်" ဟု USS Carl Vinson ဦးဆောင်သော လေယာဉ် တင်တိုက်ခိုက်ရေးသင်္ဘောအုပ်စု၏ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဒန်မာတင်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများတွင် အဆင့်မြှင့်ထားသော ရေကြောင်းဆက်သွယ်ရေး စစ်ဆင်ရေး၊ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး စစ်ဆင်ရေး၊ ပင်လယ်ပြင်တွင် လိုအပ်သည်များ ပြန်လည်ဖြည့်တင်းရေးနှင့် ရေကြောင်း တားဆီးရေး စစ်ဆင်ရေးများ ပါဝင်သည်။

တရုတ်တိုက်လေယာဉ် ၃၄ စင်း၊ အီလက်ထရွန်းနစ် စစ်လေယာဉ် ၄ စင်းနှင့် ဗုံးကြဲလေယာဉ် ၁ စီးတို့ပါဝင်သည့် တရုတ်လေယာဉ် ၃၉ စင်းကို ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေးဇုန်အတွင်းသို့ ကျူးကျော်လာခြင်းကို တားဆီးလိုက်ကြောင်း ထိုင်ဝမ်က သတင်းပေးပို့သည့်ရက်တွင်ပင် အမေရိကန်ရေတပ်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းသည် အောက်တိုဘာလနောက်ပိုင်းတွင် အဆိုပါဇုန်အတွင်းသို့ တရုတ်လေယာဉ်များ၏ အများဆုံး ကျူးကျော်မှုဖြစ်သည်။

တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားသို့ အမေရိကန်စစ်သင်္ဘောများ မကြာခဏ ဖြတ်သန်း သွားလာသဖြင့် ထိုင်ဝမ်ကို ယင်း၏ ပိုင်နက်နယ်မြေအဖြစ် ကြေညာထားသည့် တရုတ်ကို ဒေါသထွက်စေခဲ့ကြောင်း Hill က ဆိုသည်။

စက်တင်ဘာလအစောပိုင်းကတည်းက Carl Vinson ဦးဆောင်သော သင်္ဘောတိုက်ခိုက်မှုအုပ်စုမှ တပ်ဖွဲ့ များသည် ဂျပန်၏ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စစ်ဆင်ရေးများစွာ လုပ်ဆောင် ခဲ့ကြောင်း ရေတပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required