ဝီဂါတို့၏အဓမ္မလုပ်အားဖြင့် ထုတ်လုပ်သည့် တရုတ်သွင်းကုန်များကို အမေရိကန် တားမြစ်

ဝီဂါတို့၏အဓမ္မလုပ်အားဖြင့် ထုတ်လုပ်သည့် တရုတ်သွင်းကုန်များကို အမေရိကန် တားမြစ်

အမေရိကန်အစိုးရသည် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အဓမ္မလုပ်အားဖြင့်ပြုလုပ်သော တရုတ်နိုင်ငံမှ သွင်းကုန်အားလုံးကို တားမြစ်ပိတ်ပင်တော့မည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဌာန (DHS) က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်းက တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ စခန်းများတွင် မွတ်စလင်လူနည်းစုများမှ လူ ၁ သန်းကျော် ဖမ်းဆီးထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းကြသည်။

ဝီဂါများအား အဓမ္မအလုပ်စေခိုင်းမှုကာကွယ်ရေးအက်ဥပဒေ (UFLPA) အား အကောင်အထည်ဖော်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် တရုတ်နိုင်ငံတွင် အဓမ္မလုပ်အားဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံအတွင်းသို့တင်သွင်းခြင်းကို တားမြစ်ရန် အမိမြေလုံခြုံရေးဌာနသို့ အကြောင်းကြားနိုင်ရေး ပြည်သူများ၏ပါဝင်မှုကိုလည်း တောင်းဆိုသွားမည်ဖြစ်ကြောင်း DHS က Twitter တွင် ရေးသားထားသည်။

ရှင်ကျန်းတွင် အဓမ္မလုပ်အားဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခြင်းကို တားမြစ်သည့် “ဝီဂါများအား အဓမ္မအလုပ်စေခိုင်းမှုကာကွယ်ရေးအက်ဥပဒေ" ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးပြီးနောက် သီတင်းပတ်များအကြား၌ DHS က ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

ကုန်ပစ္စည်းများသည် အဓမ္မလုပ်အားဖြင့် မထုတ်လုပ်ကြောင်းကို တင်သွင်းသူအနေဖြင့် ယုံကြည်ရသောသက်သေအထောက်အထားများတင်ပြနိုင်ခြင်းမရှိပါက UFLPA ဥပဒေအရ ကုမ္ပဏီများ သို့မဟုတ် ရှင်ကျန်းပြည်နယ်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ်သည်။

"အမေရိကန်ထောက်ပံ့ရေးကွင်းဆက်များမှအတင်းအကျပ်ခိုင်းစေမှုများပပျောက်စေရေးအတွက်ဘိုင်ဒင်-ဟဲရစ်အစိုးရ၏ ဦးစားပေးဆောင်ရွက်ချက်များကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် UFLPA

ကိုအကောင်အထည်ဖော်ရန် ယနေ့တွင် အရေးကြီးသောပထမခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်နေပါသည်" ဟု အမိမြေလုံခြုံရေးအတွင်းရေးမှူး အလီဟန်ဒရိုမေယာကက်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly