တစ်နိုင်ငံလုံးရှိမွေးကင်းစမှ အသက်ငါးနှစ်အထိ ကလေးများငယ်များကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမည်

တစ်နိုင်ငံလုံးရှိမွေးကင်းစမှ အသက်ငါးနှစ်အထိ ကလေးများငယ်များကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမည်

နေပြည်တော်၊ဇန်နဝါရီ ၁၂ ။             ။ တစ်နိုင်ငံလုံးရှိမွေးကင်းစမှ အသက်ငါးနှစ်အထိ ကလေးများငယ်များကို ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် တစ်ကြိမ် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရ သည်။
 
ပိုလီယိုရောဂါပိုးကို အပြီးတိုင်ပပျောက်စေရေးအတွက် ဒေသအလိုက်ကာကွယ်ဆေးတိုက်နေ့ များကို ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၃ ၊၂၄ ၂၅ ရက်နေ့များတွက်ပိုလီယိုရောဂါပိုးကူးစက်နိုင်ခြေများ သော မြို့ နယ် ၁၇၁ မြို့နယ်များ၌ ဒေသအလိုက် ပိုလီယိုကာကွယ်ဆေးတိုက ကျွေးခြင်းပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

အမျိုးသားကာကွယ်ဆေးတိုက်နေ့ များ အဖြစ် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ၊၂၁၊ ၂၂ ရက် များ တွင်လည်ကောင်း တစ်နိုင်ငံလုံးရှိမြို့နယ် (၃၃၀)တွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းပြု လုပ် မည်ဖြစ် ကြောင်းသိရသည်။

ဒေသအလိုက်ကာကွယ်ဆေးတိုက်နေ့များ(ဇန်နဝါရီလ၊၂၀၁၆ခုနှစ်)အစီအစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၆)ခုအတွင်းရှိ မြို့နယ်(၁၇၁)မြို့နယ်မှ မွေးစမှငါးနှစ် အထိကလေးငယ် လျာထားဦးရေ (၂.၇၈)သန်း တိုက်ကျွေးရန် လျာထားပြီး အမျိုးသားကာကွယ်ဆေးတိုက်နေ့များ(ဖေဖော်ဝါရီလ၊၂၀၁၆ခုနှစ်) အစီအ စဉ် တွင် ကလေးငယ် (၄.၆၀)သန်းခန့် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရန် ခန့်မှန်းလျာ ထားကြောင်းလည်း ကျန်းမာရေဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ထား ထားလင်းက ပြောသည်။

ကာကွယ်ဆေးတိုက်ကျွေးသည့်နေ့များတွင် မိဘများအနေဖြင့် ၎င်းတို့၏ မွေးစကလေးငယ်များကို ဆေးတိုက်ကျွေးဖို့ မတွန့်ဆုတ်ပဲဆေးများတိုက်ကျွေးခွင့်များကို အခွင့်အရေးတစ်ရပ်ဖြစ်ခံယူ၍ မတွန့်ဆုတ်ပဲ နှင့် ကာကွယ်ဆေးရရှိနိုင်မည့်နေရာ သို့ မိမိ၏ က လေးများ ခေါ်ဆောင်လာစေခြင်း ကြောင်းလည်း ဒေါ်က်တာ ထားထားလင်းက ပြောသသည်။

“ကွင်းဆင်းတွေ့ရှိတဲ့ ဆရာကြီးများရဲ့ အကြံပေးချက်အရ မွေးစလေးကို တိုက်ဖို့ တွန့်ဆုတ် တယ် ပေါ့ နော် အမှတ်က တိုက်ကျွေးရမှာပါ၊ ဘေးကင်းစွာ တိုက်လို့ ရတယ်ဆိုတာ သိစေချင်ပါတယ် “ ဟု ဇန်နဝါရီလ (၁၂) ရက်နေ့ က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ကာကွယ်ဆေးတိုက်နေ့များ အစီအစဉ်ကို မီဒီယာ များသို့ အသိပေးခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပိုလီယိုအကြောသေရောဂါသည် လျင်မြန်စွာကူးစက်တတ်သောရောဂါဖြစ်ကြောင်းနှင့် ယင်းရောဂါ ကူးစက်ခံရပါက ရာသက်ပန် မသန်စွမ်းဘဝသို့ ရောက်စေနိုင်သည့် ရောဂါဖြစ်ခြင်းကြောင်း မိဘများ အနေဖြင့် မွေးစမှ ငါးနှစ်အထိကလေးငယ်များကို ပိုလီယိုကာကွယ်ဆေးတိုက်ဘူးသည်ဖြစ်စေ၊မတိုက်ဘူးသည်ဖြစ်စေ ပိုလီယိုအပိုဆောင်နှစ်ကြိမ်တိုက်ကျွေးခြင်းဖြင့် မိမိတို့၏ ကလေးငယ်အား ရာသက်ပန် မသန်စွမ်းဘဝမှ ကင်း ဝေးစေရန် ကာကွယ်ဆေးတိုက်စုရပ်များသို့ ခေါ်ဆောင်လာရန် ကျန်းမားရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုး ဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly