ဒစ်ဂျစ်တယ်ငွေကြေး ပြဿနာကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းဖြေရှင်းကြရန် အိန္ဒိယ ဝန်ကြီးချုပ် တိုက်တွန်း

ဒစ်ဂျစ်တယ်ငွေကြေး ပြဿနာကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းဖြေရှင်းကြရန် အိန္ဒိယ ဝန်ကြီးချုပ် တိုက်တွန်း

ဒစ်ဂျစ်နယ်ငွေကြေး (Cryptocurrency) များကြောင့် ဖြစ်ပွားသည့် ပြဿနာကို ဖြေရှင်းရာတွင် တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဇန်နဝါရီ ၁၇ ရက်တွင် တိုက်တွန်း လိုက်သည်။

“Cryptocurrency နဲ့ ပတ်သက်တဲ့ နည်းပညာ၊ တစ်နိုင်ငံတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ မလုံလောက်ပါဘူး။ တူညီတဲ့ စိတ်ဓာတ်ရှိဖို့ လိုပါတယ်” ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ အွန်လိုင်းမှ ပြုလုပ်သည့် Davos Agenda ညီလာခံတွင် ဝန်ကြီးချုပ် မိုဒီက ပြောကြားသည်။

အိန္ဒိယအနေဖြင့် လာမည့် ဒီဇင်ဘာလတွင် ပြုလုပ်မည့် ဆောင်းရာသီ လွှတ်တော်အစီအစဉ်တွင် Cryptocurrency နှင့် သက်ဆိုင်သည့် စည်းမျဉ်းများကို ချမှတ်ရန် စဉ်းစားလျက်ရှိသည်။

အိန္ဒိယက Cryptocurrency ကို တားမြစ်ရန် လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်ကလည်း အလားတူ လုပ်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ဒစ်ဂျစ်တယ်ငွေကြေးများသည် ဘဏ္ဍာရေးဆိုင်ရာ မတည်ငြိမ်မှုကို ဖြစ်စေနိုင်သည်ဟု အိန္ဒိယဗဟိုဘဏ်က များစွာ စိုးရိမ်လျှက်ရှိသည်။

အိန္ဒိယတွင် ဒစ်ဂျစ်တယ်ငွေကြေး၌ ရင်းနှီးမြှုပ်နှံသူ ၁၅ သန်းမှ သန်း ၂၀ ခန့်ရှိရာတွင် ငွေပမာဏအားဖြင့် ရူပီး ၄၀၀ ဘီလျံ (ဒေါ်လာ ၅ ဒသမ၃၉ ဘီလျံ) ခန့်ရှိသည်။

အိန္ဒိယသည် နိုင်ငံအများအပြားနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ထိုးရန် လုပ်ဆောင်လျက်ရှိရာတွင် ယင်းအစီအစဉ်ကို ဗြိတိန်နှင့် စတင်ဆွေးနွေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်အကုန်တွင် သဘောတူ စာချုပ်ချုပ်နိုင်ရန် ရည်မှန်းထားသည်။

ကမ္ဘာပေါ်၌ ကုန်ထုတ်လုပ် လုပ်ငန်းစဉ်တွင် ပိုမိုယုံကြည်ရသည့် မိတ်ဖက်နိုင်ငံ ဖြစ်စေရန် ဆန္ဒရှိနေသောကြောင့် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly