စိတ်ပျက်ဖွယ်ကောင်းပြီး အန္တရာယ်များသည့်လုပ်ငန်းအခြေအနေများကြောင့် ဆားဘီးယားရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဝေဖန်ခံနေရ

စိတ်ပျက်ဖွယ်ကောင်းပြီး အန္တရာယ်များသည့်လုပ်ငန်းအခြေအနေများကြောင့် ဆားဘီးယားရှိ တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဝေဖန်ခံနေရ

ဥရောပတွင် တရုတ်၏ အကြီးဆုံးစက်မှုလုပ်ငန်းရင်းနှီးမြုပ်နှံမှုအဖြစ် အမွှမ်းတင်ထားသည့် အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန် Ling Long တာယာစက်ရုံသည် ယခုအခါ တရုတ်၏ ကျေးကျွန်ဟု အတိုက်အခံများ၏စွပ်စွဲခံနေရသည့် ဆားဘီးယားအစိုးရအတွက် ဝေဖန်စရာတစ်ခုဖြစ်နေသည်။

၂၀၁၇ ခုနှစ်အတွက် နိုင်ငံတကာသတင်းတင်ဆက်မှုတွင် ပူလစ်ဇာဆု ချီးမြှင့်ခံရသော အန်ဒရူးဟစ်ဂင်က အလုပ်သမားများနှင့် တက်ကြွလှုပ်ရှားသူများသည် လူကုန်ကူးမှု၊ အကျဉ်းထောင်ကဲ့သို့သော လုပ်ငန်းခွင်အခြေအနေများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများကဲ့သို့ ပြဿနာများကို ရင်ဆိုင်နေကြရသည်ဟု New York Times (NYT) တွင်ရေးသားထားသည်။

အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန် တာယာစက်ရုံကို တည်ဆောက်နေကြသော ဗီယက်နမ်အလုပ်သမားများအတွက် ဆိုးရွားသောအခြေအနေများသည် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကတိများနှင့် မြေပြင်အခြေအနေရှိ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်များအကြားတွင် ကြီးမားသော ကွာဟချက်ကြီး ဖြစ်ပေါ်နေသည်။

လစာပိုကောင်းပြီး နေရာထိုင်ခင်းပိုမိုကောင်းမွန်စွာနေကြရသည့် တရုတ်လူမျိုးများ ရာချီနှင့်အတူ ဗီယက်နမ်လူမျိုး ၄၀၀ ခန့်သည် ဇန်ဂျန်နင်းမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း အလုပ်သမားများနှင့် ဒေသခံအလုပ်သမား တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်အရ သိရသည်။

ဗီယက်နမ်မှလယ်သမားဟောင်းတစ်ဦးက ဆားဘီးယားရှိ ၎င်း၏လုပ်ငန်းခွင်အခြေအနေအား "စိတ်ပျက်ဖွယ်ကောင်းပြီး အန္တရာယ်များကြောင်းနှင့် အခြားဗီယက်နမ်အလုပ်သမားများနှင့်အတူ စုတ်ပြန်သော တဲကုပ်တွင် ကျဉ်းကျဉ်းကျုတ်ကျုတ်နေရာကာ တရုတ်လူမျိုး ကြီးကြပ်ရေးမှူးများ၏အနိုင်ကျင့်မှုကိုလည်း ခံရသည်ဟု ဟစ်ဂင်က ဖော်ပြထားသည်။

Ling Long တာယာစက်ရုံစီမံကိန်းသည်၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဆားဘီးယားသမ္မတ အလက်ဇန္ဒြားဗူချီ နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦး ပေကျင်း၌ တွေ့ဆုံစဉ်တွင် ပထမဆုံးအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ဥရောပပါလီမန်သည် ဇန်ဂျန်နင်းရှိ ဗီယက်နမ်အလုပ်သမားများအား ဆက်ဆံမှုအပေါ် စုံစမ်းစစ်ဆေးရန် လွန်ခဲ့သည့်လက တောင်းဆိုခဲ့ပြီးဆားဘီးယားနှင့်အနောက်ဘော်လကန်ဒေသများတစ်လျှောက် တရုတ်၏ သြဇာလွှမ်းမိုးမှု တိုးလာနေခြင်းအပေါ်လည်း သတိပေးခဲ့သည်။

The Times မှ အင်တာဗျူးခဲ့သည့် ဗီယက်နမ်အလုပ်သမားများ၏ ဖြေကြားချက်အရ ၎င်းတို့သည်ယခင်က ဝက်နှင့်ကြက်မွေးမြူရန် ဒေသခံခြံတစ်ခုမှ အသုံးပြုခဲ့သည့် စုတ်ချာသော တဲတန်းလျားများတွင် လပေါင်းများစွာ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်သည့် Ling Long ၏ တစ်ဆင့်ခံကန်ထရိုက်တာ China Energy Engineering Group နှင့် ဗီယက်နမ်အလုပ်သမားများ ချုပ်ဆိုထားသော အလုပ်သမားစာချုပ်များသည် အလုပ်သမားတိုင်းအား အလုပ်သမားသမဂ္ဂလှုပ်ရှားမှုများတွင် မပါဝင်စေရန်နှင့် တရုတ်ကုမ္ပဏီ၏ ဂုဏ်သိက္ခာကိုထိခိုက်စေမည့် မည်သည့်အရာကိုမဆို ရှောင်ကြဉ်ရန် ကတိပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly