ထိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံအဖြစ် ဝက်ဘ်ဆိုက်တွင် အသိအမှတ်ပြုသည့် 7-Eleven လက်လီအရောင်းဆိုင်လုပ်ငန်းကို တရုတ်အစိုးရ ဒဏ်ရိုက်

ထိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံအဖြစ် ဝက်ဘ်ဆိုက်တွင် အသိအမှတ်ပြုသည့် 7-Eleven လက်လီအရောင်းဆိုင်လုပ်ငန်းကို တရုတ်အစိုးရ ဒဏ်ရိုက်

ထိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံအဖြစ် ဝက်ဘ်ဆိုက်တွင် အသိအမှတ်ပြုခြင်းအတွက် လက်လီအရောင်းဆိုင် 7-Eleven ကို တရုတ်အစိုးရက ဒဏ်ရိုက်လိုက်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Seven & i Holdings ပိုင်ဆိုင်သော 7-Eleven လုပ်ငန်းကို တရုတ် အာဏာပိုင်များက ယွမ် ၁၅၀,ဝဝဝ (အမေရိကန်ဒေါ်လာ ၂၃၅၀ဝ) ဒဏ်ရိုက်ခဲ့ကြောင်း Just Earth News သတင်းက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံတွင် လုပ်ကိုင်နေသော နာမည်ကြီးကော်ပိုရေးရှင်းအများအပြားသည် ထိုင်ဝမ်ကို သီးခြားနိုင်ငံ အဖြစ် ယင်းတို့၏ ဝက်ဘ်ဆိုက်များမှ ဖော်ပြထားခြင်းကို ယခင်ကလည်း ဖယ်ရှားခဲ့ရသလို တရုတ်မြေပုံတွင် ထိုင်ဝမ်ကို ပိုက်နက်နယ်မြေအဖြစ် မဖော်ပြသည့်အတွက် တရားဝင်တောင်းပန်မှုများပင် ပြုလုပ်ခဲ့ရကြောင်း Just Earth News က ဖော်ပြခဲ့သည်။

Gap၊ Daimler AG၊ United Continental Holdings၊ ANA Holdings အပါအဝင် ကုမ္ပဏီများသည် ထိုင်ဝမ်ကို သီးခြားနိုင်ငံတစ်ခုအဖြစ် ဖော်ပြချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်း သတင်းက ဆိုသည်။

တရုတ်လူမှုမီဒီယာအသုံးပြုသူများက တရုတ်ပိုင်နက်မြေနယ်များဖြစ်သည့် တောင်တိဘက်၊ ထိုင်ဝမ်ကျွန်းနှင့် တောင်တရုတ်ပင်လယ်တို့ကို ချန်လှပ်ခဲ့ခြင်းအတွက် ထောက်ပြပြောဆိုပြီးနောက် ၂၀၁၈ ခုနှစ် မေလတွင် Gap Inc. သည် လက်လီရောင်းချသည့်ဆိုင်များတွင် တရုတ်မြေပုံကို မှားယွင်းစွာ ဖော်ပြထားသည် တီရှပ် ရောင်းချသည့်အတွက် တရားဝင်တောင်းပန်ခဲ့ရကြောင်း Just Earth News က ဖော်ပြခဲ့သည်။

အစိုးရနှင့် ချိတ်ဆက်ထားသော ကြွေးမြီအချက်အလက်ဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြချက်အရ ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် Seven & i Holdings အား ဒဏ်ငွေနှင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီသည် တောင်တရုတ်ပင်လယ်ရှိ ဂျပန်က ရှင်ကာကုကျွန်းဟုခေါ်သည့် အငြင်းပွားနေသော သယောက် ယွီကျွန်းများအပါအဝင် အချို့သောကျွန်းများကို တရုတ်အမည်များဖော်ပြရန် ကုမ္ပဏီက ပျက်ကွက်ပုံကို ယင်းဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြခဲ့ကြောင်း Just Earth News က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly