၁
မက်ဆီသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ငါးကြိမ်ရရှိထားသည့် တစ်ဦးတည်းသော ကစားသမားဖြစ်သည်။ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်တွင် ရရှိသည်။
၅၂
၂၀၁၅ ခုနှစ်အတွင်း ဘာစီလိုနာနှင့် အာဂျင်တီးနားအသင်းတို့အတွက် မက်ဆီသွင်းယူပေးခဲ့သော ဂိုးအရေအတွက်။
၄၃၀
ဘာစီလိုနာအသင်းအတွက် တရားဝင်ပြိုင်ပွဲများတွင် မက်ဆီသွင်းယူပေးထားသော စုစုပေါင်းဂိုးအရေအတွက် ဖြစ်သည်။ ပွဲစဉ်ပေါင်း ၅၀၃ ပွဲတွင် သွင်းယူထားခြင်းဖြစ်သည်။
ဝ.၈၅
ဘာစီလိုနာအတွက် တစ်ပွဲပျမ်းမျှသွင်းဂိုးဖြစ်သည်။
၂၆
ဘာစီလိုနာနှင့်အတူ ရရှိထားသည့် ဆုဖလားအရေအတွက်ဖြစ်သည်။ အင်နီယေစတာနှင့်အတူ ကလပ်စံချိန်တင်အောင်မြင်မှုဖြစ်သည်။
၂၉၅
စုစုပေါင်းလာလီဂါသွင်းဂိုးအရေအတွက်ဖြစ်သည်။ ဒုတိယနေရာမှ တယ်မိုဇာရာထက် ၄၄ ဂိုးပိုမိုသွင်းယူထားသည်။
၂၈
ဘာစီလိုနာတွင် သွင်းယူထားသည့် ဟက်ထရစ်(သုံးဂိုး) အရေအတွက်။
၄၉
အာဂျင်တီးနားအသင်းအတွက် သွင်းယူထားသောဂိုးအရေအတွက်။ ၁၀၅ ပွဲကစားပြီး သွင်းယူထားခြင်းဖြစ်သည်။
၁၆
ဘာစီလိုနာအသင်းအတွက် ပထမဆုံးပွဲထွက်ကစားခွင့်ရသည့် အသက်အရွယ်။
၉၁
၂၀၁၂ ခုနှစ်အတွင်း သွင်းယူခဲ့သော ဂိုးအရေအတွက်ဖြစ်သည်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းထားသည့် ဂတ်မူလာ၏ ၁၉၇၂ ခုနှစ်က စံချိန်ကို ကျော်ဖြတ်နိုင်သည့် ဂိုးအရေအတွက်လည်းဖြစ်သည်။