အမေရိကန်အစိုးရက တရုတ်လေကြောင်းခရီးစဉ် ၄၄ ခုကို ဆိုင်းငံ့ထား

အမေရိကန်အစိုးရက တရုတ်လေကြောင်းခရီးစဉ် ၄၄ ခုကို ဆိုင်းငံ့ထား

ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် အမေရိကန်နို်ငငံမှ လေယာဉ်ခရီးစဉ်အချို့ကို ဆိုင်းငံ့ထားရန် တရုတ်အစိုးရက ဆုံးဖြတ်ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန်မှ တရုတ်သို့ ပြေးဆွဲသည့် ခရီးစဉ် ၄၄ ခုကို ဆိုင်းငံ့ထားလိုက်သည်။

“အောက်ပါ ဆွေးနွေးချက်များအရ အမေရိကန် လေကြောင်းလိုင်း ၃ ခု၏ လုပ်ကိုင်ခွင့်များကို ထိခိုက်စေမည့် တရုတ်အာဏာပိုင်များ၏ ဆောင်ရွက်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇွန် ၁ ရက်က ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကို အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနက ပြင်ဆင်ထုတ်ပြန်လိုက်သည်။ ဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် အမေရိကန်မှ တရုတ်သို့ ပြေးဆွဲသည့် လေယာဉ်ခရီးစဉ် ၄၄ ခုကိုလည်း ဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်သည်” ဟု အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနက ဇန်နဝါရီ ၂၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံသို့ ဇန်နဝါရီ ၃၀ မှစတင် ခရီးစဉ်များ ဆိုင်းငံ့မည့် လေကြောင်းလိုင်းများမှာ Xiamen Airlines၊ China Southern Airlines Company နှင့် Air China တို့မှဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ခံရသည့် ခရီးသည်ပိုမိုတွေ့ရှိလာရခြင်းကြောင့် တရုတ်အစိုးရက နိုင်ငံအတွင်း ဝင်ရောက်သည့် လေယာဉ်ခရီးစဉ်များကို မကြာသေးမီက ဖျက်သိမ်းခဲ့သည်။

အမေရိကန်အစိုးရက ထပ်ခါတလဲလဲ ကန့်ကွက်ခဲ့သော်လည်း တရုတ်လေကြောင်းအာဏာပိုင်အဖွဲ့က နိုင်ငံတွင်းသို့ ပြေးဆွဲသည့် အမေရိကန်လေကြောင်းလိုင်းများမှ ခရီးစဉ် ၄၄ ခုကို ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ ရပ်ဆိုင်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly