တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပိုင်နက်နယ်မြေ ကြေညာနေမှုကို အမေရိကန်ရေတပ်မှ စောင့်ကြည့်နေ

By ANI 21
23 January 2022
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပိုင်နက်နယ်မြေ ကြေညာနေမှုကို အမေရိကန်ရေတပ်မှ စောင့်ကြည့်နေ

တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း တရုတ်၏ တောင်းဆိုမှုကို အမေရိကန်ရေတပ်မှ အဝေးဒုံးကျည်ဖျက်သင်္ဘောက ဇန်နဝါရီလ ၂၀ရက်တွင် တည်ရှိခြင်းဖြင့် စိန်ခေါ်ခဲ့သည်။

လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အခွင့်အရေးတွင် နိုင်ငံတကာဥပဒေအရ အသိအမှတ်ပြုထားသော နိုင်ငံတစ်နိုင်ငံ၏ ကမ်းရိုးတန်းမှ ရေမိုင် ၁၂ မိုင်အကွာ ပိုင်နက်အတွင်း သွားလာခြင်းပါဝင်ကြောင်း CNN က ဖော်ပြခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တောင်းဆိုမှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ကာ ပင်လယ်ပြင်ဆိုင်ရာ လွတ်လပ်ခွင့်ကို ဆိုးရွားစွာ ခြိမ်းခြောက်နေသည်ဟု အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“နိုင်ငံတကာဥပဒေက တရုတ်လိုမျိုး တိုက်နိုင်ငံကြီးတွေကို ပြန့်ကျဲ့နေတဲ့ ကျွန်းစုပတ်ဝန်းကျင်တစ်စုလုံးမှာ အခြေခံမျဉ်း သတ်မှတ်ဖို့ ခွင့်မပြုပါဘူး” ဟု အမေရိကန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ယင်းအခြေခံမျဉ်းများဖြင့် တရုတ်က နိုင်ငံတကာဥပဒေအရ ရပိုင်ခွင့်များထက် ပြည်တွင်းရေပိုက်နက်၊ ပိုင်နက် ပင်လယ်၊ သီးသန့်စီးပွားရေးဇုန်နှင့် ကမ်းဦးရေတိမ်ပိုင်းတို့ကို ပိုမိုတောင်းဆိုရန် ကြိုးပမ်းခဲ့သည်" ဟု ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်က တောင်တရုတ်ပင်လယ်၏ စတုရန်းမိုင် ၁ ဒသမ ၃ သန်းနီးပါးကို ယင်း၏ အချုပ်အခြာပိုင် နယ်မြေ အဖြစ် ပိုင်ဆိုင်ကြောင်း တောင်းဆိုနေသည်ဟု CNN က ဖော်ပြခဲ့သည်။

“အမေရိကန်တပ်ဖွဲ့တွေက တောင်တရုတ်ပင်လယ်မှာ ရာစုနှစ်တစ်ခုကျော်ကြာ နေ့စဉ် ပုံမှန် လုပ်ဆောင် နေပါတယ်” ဟု အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါရာစယ်စ်ကျွန်းများသည် တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းရှိ သန္တာကျွန်းငယ်များနှင့် သန္တာကျောက်တန်း ၁၃၀ ပါဝင်သော အစုအဝေးတစ်ခုဖြစ်သည်။

အဆိုပါ ကျွန်းစုများကို ဗီယက်နမ်နှင့် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်တို့က တောင်းဆိုထားသော်လည်း တရုတ်ထိန်းချုပ်ထားသည်မှာ နှစ်ပေါင်း ၄၆ နှစ်ကျော်ကြာနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly