တရုတ်ပြည်မကြီးတွင်မွေးဖွားပြီး ဟောင်ကောင်မှ နေထိုင်ခွင့် လာရောက် လျှောက်ထားသူများကို ထိုင်ဝမ်က ငြင်းပယ်ထား

တရုတ်ပြည်မကြီးတွင်မွေးဖွားပြီး ဟောင်ကောင်မှ နေထိုင်ခွင့် လာရောက် လျှောက်ထားသူများကို ထိုင်ဝမ်က ငြင်းပယ်ထား

ဟောင်ကောင်တွင် သဘောထားကွဲလွဲသူများနှင့် နိုင်ငံရေးအတိုက်အခံများကို ဖိနှိပ်ရန် တွန်းအားပေးသည့် ပြင်းထန်သော အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့် နှစ် ဇူလိုင်လတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပြဌာန်းခဲ့ပြီးနောက် ဟောင်ကောင်တွင် နေထိုင်သူ ထောင်ပေါင်းများစွာသည် ဒီမိုကရေစီနည်းကျအုပ်ချုပ်သော ထိုင်ဝမ်ကျွန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းစဉ်သည် ကန့်သတ်ချက်များရှိနေပြီး မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်ကို သိမ်းပိုက်ရန် အကြိမ်ကြိမ်ခြိမ်းခြောက်နေသည့် တရုတ်နိုင်ငံတွင် မွေးဖွားသူများသည် လူများစုထက် နေထိုင်ခွင့်ရရန် ပိုမိုခက်ခဲကြောင်း မကြာသေးခင်က ရွှေ့ပြောင်းနေထိုင်သူများစွာက ပြောကြားခဲ့သည်။

ထိုင်ဝမ်သို့ ပြောင်းရွှေ့လိုသော ဟောင်ကောင်မှ လျှောက်ထားသူ ၄၀ ကျော်သည် မွေးဖွားသည့်နေရာနှင့် ထိုင်ဝမ် လူဝင်မှုကြီးကြပ်ရေး ဗျူရိုကရေစီမှ ရှင်းလင်းသော ဆက်သွယ်မှု မရှိခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မကြာသေးမီက RFA က စုံစမ်းစစ်ဆေးသိရှိရသည်။

CCP အုပ်ချုပ်မှုလက်အောက်၊တရုတ်နိုင်ငံတွင် မွေးဖွားလာခြင်းသည် ၎င်းတို့ရွေးချယ်သည့် အရာ မဟုတ် ကြောင်း၊ ၎င်းတို့အနေဖြင့် အာဏာပိုင်များကို ဆန့်ကျင်ပြီး ဆူပူအုံကြွမှု၊ အဖျက်အမှောင့်နှင့် နိုင်ငံခြား အင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းမှု ကဲ့သို့သော ရာဇဝတ်မှုများကို ဒေသခံဟောင်ကောင်းသားများကဲ့သို့ ပြုလုပ်ပါက အကာအကွယ် ပေးမည်မဟုတ်ကြောင်း အချို့က စောဒက တက်ကြသည်။

ဟောင်ကောင်နှင့် မကာအိုတွင် နေထိုင်သူများနှင့်အတူ တရုတ်နိုင်ငံတွင် မွေးဖွားသူများကို လျှောက်ထား ခွင့်ပြုရန် ထိုင်ဝမ်သည် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများကို ၂၀၂၀ပြည့်နှစ်တွင် တရားဝင်ပြင်ဆင် ခဲ့သော်လည်း အများစုမှာ ပယ်ချခံရဆဲဖြစ်သည်။

လီ အမည်ရသည့် လျှောက်ထားသူတစ်ဦးက ၎င်းနှင့် ဇနီးဖြစ်သူတို့သည် အွန်လိုင်းလက်လီရောင်းချသည့် ဆိုင်ကို ဖွင့်လှစ်ရန် ၂၀၁၉ခုနှစ်တွင် ထိုင်ဝမ်တွင် ရင်းနှီးမြှုပ်နှံရန်အတွက် လျှောက်ထားခဲ့သော်လည်း ၂၀၂၁ခုနှစ် အောက်တိုဘာလမှာ နေထိုင်ခွင့်ခွင့်ပြုချက်ကို ငြင်းပယ်ခံခဲ့ရသည်။

ငြင်းပယ်ရသည့် အကြောင်းရင်းတစ်ခုအဖြစ် လီ၏ မွေးရပ်မြေဖြစ်သော တရုတ်ပြည်မကြီးကို ကိုးကားဖော်ပြ ခဲ့သည်။

CCP ထောက်လှမ်းရေးများသည် ရင်းနှီးမြှုပ်နှံသူအမည်ခံပြီး ထိုင်ဝမ်သို့ စိမ့်ဝင် ရောက်လာမည်ကို အာဏာ ပိုင်များ၏ စိုးရိမ်မှုများကို ဘေးဖယ်ထားပြီး တရုတ်နိုင်ငံတွင် နေထိုင်ခဲ့သည့် နှစ် ၃၀ အတွင်း CCP ၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရကြောင်း ၎င်းက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly