တရုတ်ကြွေးမြီထောင်ချောက်ကြောင့် သီရိလင်္ကာ၏ နိုင်ငံခြားငွေအကျပ်အတည်း ပိုမိုဆိုးရွားလာ

By The Hongkong Post
23 January 2022
တရုတ်ကြွေးမြီထောင်ချောက်ကြောင့် သီရိလင်္ကာ၏ နိုင်ငံခြားငွေအကျပ်အတည်း ပိုမိုဆိုးရွားလာ

တရုတ်ကြွေးမြီထောင်ချောက်ကြောင့် သီရိလင်္ကာ၏ နိုင်ငံခြားငွေအကျပ်အတည်းသည် ပိုမိုဆိုးရွားလျက်ရှိသည်။

သီရိလင်္ကာသည် လက်ရှိတွင် ဆိုးရွားသော နိုင်ငံခြားငွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အမြတ် မရဘဲ အရှုံးပေါ်နေသည့် ဟမ်ဘန်တိုတာဆိပ်ကမ်းအပါအဝင် စီမံကိန်းများအတွက် နိုင်ငံတကာအချုပ်အခြာ အာဏာပိုင်ငွေချေး စာချုပ်များ (ISBx) အကြွေး ဒေါ်လာ ၈ ဘီလီယံကျော်ကို ၂၀၂၂ ခုနှစ်တွင် ပေးဆပ်ရန် ပျက်ကွက်မည့် အန္တရယ်ကြုံတွေ့နေရကြောင်း Singapore Post က ဖော်ပြခဲ့သည်။

အစောပိုင်းတွင် အစိုးရဝန်ထမ်းများနှင့် ပင်စင်စားများအပါအဝင် လယ်သမားများ၏ တောင်းဆိုချက်များနှင့် အများပြည်သူများအတွက် သီရိလင်္ကာအစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စီးပွားရေး သက်သာရေးအစီအမံများဖော်ဆောင်ရန် ယင်းအကျပ်အတည်းက ဖိအားပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် သီရိလင်္ကာအစိုးရသည် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံခြားငွေဘဏ္ဍာရေး ထောက်ပံ့ပေးမှုဖြင့်ဖြစ်စေ၊ အကြွေးစနစ်ဖြင့်ဖြစ်စေ လိုအပ်သောကုန်ပစ္စည်းများကို တင်သွင်းခြင်းကို နောက်ဆုံး နည်းအဖြစ်ကျင့်သုံးနေသည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဘဏ်များမှ အခြေခံအဆောက်အအုံ စီမံကိန်းများဆိုင်ရာ စီးပွားဖြစ်ချေးငွေများကို ပိုးလမ်းမသစ်စီမံကိန်းအတွက် ပိုမိုထုတ်ချေးခဲ့ခြင်းက သီရိလင်္ကာကို ငွေကြေးအကျပ်အတည်းကို ပိုမိုဖြစ်ပေါ် စေခဲ့သည်။

အစောပိုင်းက သီရိလင်္ကာ၏ ကြွေးမြီပုံစံကို ပိုင်းခြားစိတ်ဖြာသည့် ၂၀၂၁ခုနှစ် အောက်တိုဘာလ အစီရင်ခံစာ တွင် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD) က နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် အခြေခံ အဆောက်အအုံအတွက် ရေရှည်ဘဏ္ဍာရေးမလုံလောက်မှု ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာအချုပ်အခြာ အာဏာပိုင်ငွေချေး စာချုပ်များသည် အလွယ်တကူ ညှိနှိုင်းခြင်း သို့မဟုတ် ပြန်လည် ပြန်ပြင်ခြင်းမပြုနိုင်ခြင်းကြောင့် မူဝါဒချမှတ်သူများအကြား စိတ်မသာမသာမှုကို ဖြစ်စေသည်ဟု Singapore Post သတင်းတွင် ဖော်ပြထားသည်။

သီရိလင်္ကာအစိုးရသည် ထောက်ပံ့မှုအမျိုးမျိုးအတွက် တရုတ်ကို အဓိကအားကိုးနေရသည်။ ဓာတ်မြေသြဇာ ပိတ်ပင်ပြီးနောက် တရုတ်မှ အော်ဂဲနစ်မြေသြဇာများ တင်သွင်းမှုကို မှီခိုအားထားခဲ့ရသည်။

ယင်းကဲ့သို့ တင်သွင်းမှုများတွင် အရည်အသွေးနှင့် ညစ်ညမ်းမှုဆိုင်ရာ ပြဿနာများကြောင့်လည်း အငြင်းပွားမှုများဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly