လေဆိပ်ခန်းမအတွင်း မြွေဝင်လာ၍ သုဝဏ္ဏဘူမိလေဆိပ် တောင်းပန်ခဲ့ရ

လေဆိပ်ခန်းမအတွင်း မြွေဝင်လာ၍ သုဝဏ္ဏဘူမိလေဆိပ် တောင်းပန်ခဲ့ရ

ဘန်ကောက်၊ ဇန်နဝါရီ ၁၂ ။          ။ ပြီးခဲ့သည့် ရက်က သုဝဏ္ဏဘူမိလေဆိပ် ဆိုက်ရောက် ခန်းမဆောင်အတွင်းသို့ မြွေတစ်ကောင် တွားသွားဝင်ရောက်လာကာ ပစ္စည်းတွန်းလှည်း တစ်ခုတွင် ခွေပတ်နေခြင်း ဖြစ်ရပ် ပေါ်ပေါက်ခဲ့သဖြင့် ခရီးသည်များအား လေဆိပ်က တောင်းပန်ခဲ့ရသည်။

ယခင်က မြွေဟောက်ကုန်းအဖြစ် လူသိများသည့် နေရာတွင် တည်ဆောက်ထားသော သုဝဏ္ဏဘူမိလေဆိပ်တွင် ဇန်နဝါရီ ၁၀ ရက်က မြွေဝင်ခဲ့ခြင်းကြောင့် ခရီးသည်များ ကြောက်လန့်တကြားဖြစ် ရသည့်အတွက် တောင်းပန်ကြောင်းကို လေဆိပ်က ထုတ်ပြန်ခဲ့သည်။

ဆိုက်ရောက်ခန်းမမှ ထွက်တော့ရန် ပစ္စည်းတွန်းလှည်းကို လာပြန်ထားသည့် အမျိုးသမီးခရီးသည်တစ်ဦးက မြွေကို စတွေ့လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ လေဆိပ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

"ထိတ်လန့်တကြားဖြစ်သွားတော့ လုံခြုံရေးအဖွဲ့တွေက မြွေကို ဖမ်းခဲ့ရတယ်။ ဘယ်သူမှ ထိခိုက်မှု မရှိပါဘူး။"ဟု လေဆိပ်ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး မြွေမှာ မြွေပေါက်တစ်ကောင် သာဖြစ်ကြောင်း ပြောထားသော်လည်း မည်သည့် မြွေအမျိုးအစားကို ဖော်ပြထားခြင်း မရှိပေ။

ထိုင်းကြက်ခြေနီအသင်းက ဖွင့်လှစ်ထားသည့် ဘန်ကောက် မြွေမွေးမြူရေးခြံမှ မြွေပညာရှင်က ယင်းမြွေမှာ အဆိပ်မရှိသော မြွေအမျိုးအစားဖြစ်ကြောင်း လေဆိပ်နှင့် မီဒီယာက ဖော်ပြသည့် ဓာတ်ပုံကြည့်ကာ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly