မန္တလေး KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရ 

မန္တလေး KBZ ဘဏ်ခွဲတစ်ခု မီးရှို့ခံရ 

ဇန်နဝါရီလ ၂၂ ရက်

မန္တလေးမြို့၊ လမ်း ၃၀၊ ၃၁ လမ်းနှင့် ၈၉ လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ တစ်ခုကို ယနေ့ ညနေ ၆ နာရီ ၄၈ မိနစ်တွင် မီးရှို့ခဲ့ကြောင်း မန္တလေး အခြေစိုက် ပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ယင်းမီးရှို့မှုနှင့် ပတ်သက်၍ “စစ်ကောင်စီ ထောက်တိုင်တွေကို ဖယ်ရှားသွားဖို့ စလုပ်တာပါ" ဟု မန္တလေး တော်လှန်ရေး လူငယ်တစ်ဦးက ပြောသည်။ 

ယင်းမန္တလေး KBZ ဘဏ်ခွဲကို JMPDF နှင့် MDY PDF က ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ 

ပြည်သူများ၏ ဘဏ်စာရင်းများအား ပိတ်ပင်ထားသည့် KBZ ဘဏ်ကို တိုက်ခိုက်မည် ဖြစ်ကြောင်း မန္တလေး အခြေစိုက် Ranger of Mandalay က တရားဝင် ထုတ်ပြန် ကြေညာပြီးနောက် ယခု ဖြစ်စဉ် စတင် လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required