တရုတ် နိုင်ငံခြားရေးဝန်ကြီး၏ သီရိလင်္ကာနှင့် မော်လ်ဒိုက်သို့ ခရီးစဉ်က ကြွေးမြီထောင်ချောက် ပိုမိုဆိုးရွားလာစေမည်ကို စိုးရိမ်စရာဖြစ်နေ

တရုတ် နိုင်ငံခြားရေးဝန်ကြီး၏ သီရိလင်္ကာနှင့် မော်လ်ဒိုက်သို့ ခရီးစဉ်က ကြွေးမြီထောင်ချောက် ပိုမိုဆိုးရွားလာစေမည်ကို စိုးရိမ်စရာဖြစ်နေ

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု Omicron မျိုးကွဲကြောင့် ဆက်တိုက်မြင့်တက်နေချိန်တွင် တရုတ် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိ၏ မော်လ်ဒိုလ်နှင့် သီရိလင်္ကာသို့ သွားရောက်ခဲ့ခြင်းသည် ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို အတင်းအကျပ် အသုံးပြုပြီး ၎င်းတို့၏ အချုပ်အခြာအာဏာကို တရုတ်နိုင်ငံက တဖြည်းဖြည်း သိမ်းပိုက်နေသည်ဟု ယင်း ၂နိုင်ငံမှ အမျိုးသားရေးဝါဒီ များက စိုးရိမ်နေသဖြင့် ယင်းခရီးစဉ်သည် အကျိုးဖြစ်ထွန်းမှုမရှိခဲ့ကြောင်း ဥရောပအခြေစိုက် ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

အထူးသဖြင့် သီရိလင်္ကာနိုင်ငံသားများက နိုင်ငံ၏ ဆိုးရွားသောစီးပွားရေးအခြေအနေသည် အစောပိုင်းက ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို လုပ်ဆောင်သကဲ့သို့ အားနည်းချက်များအပေါ် တရုတ်က အမြတ်ထုတ်မည်ကို စိုးရိမ်နေပုံရကြောင်း တောင်အာရှလေ့လာမှုဆိုင်ရာ ဥရောပဖောင်ဒေးရှင်း (EFSAS)က ပြောကြားခဲ့သည်။

"ဝန်ကြီးနဲ့ သူ့ရဲ့အခွင့်ထူးခံအဖွဲ့ဝင်များအတွက် ကပ်ရောဂါဆိုင်ရာ စည်းမျဉ်းတွေ ပြင်ပေးရမလိုဖြစ်ပြီး အံ့သြ သင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီထက်ပိုပြီး စိုးရိမ်စရာကောင်းတာက သီရိလင်္ကာနဲ့ မော်လ်ဒိုက် အမျိုးသားရေး ဝါဒီတွေက ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို အတင်းအကျပ် အသုံးပြုပြီး ၎င်းတို့ရဲ့ အချုပ်အခြာ အာဏာကို တရုတ်နိုင်ငံက တဖြည်းဖြည်း သိမ်းပိုက်သွားမယ်လို့ တွေးထင်နေတာပါ” ဟု ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။

မော်လ်ဒိုက်သမ္မတ အီဘရာဟမ် ဆိုလစ်က အိန္ဒိယအပါအဝင် အခြားသော အင်အားကြီးနိုင်ငံများနှင့် ပိုမို နီးကပ်စွာဆက်ဆံခြင်းဖြင့် တရုတ်သြဇာလွှမ်းမိုးမှုနှင့် ကြွေးမြီထောင်ချောက်များကို ကန့်သတ်ရန် ကြိုးပမ်းခဲ့သည်။

မော်လ်ဒိုက်မှ ခရီးစဉ်အတွင်း နွေးထွေးစွာကြိုဆိုပြီး ရင်းနှီးစွာဆက်ဆံသော်လည်း ဝမ်ယိအနေဖြင့် အကျိုး အမြတ်များစွာ ရရှိခဲ့ပုံမပေါ်ပေ။

သီရိလင်္ကာကဲ့သို့ပင် မော်လဒိုက်သည် တရုတ်၏ ခါးပတ်လမ်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းစီမံကိန်းကို အမေရိကန်က နိုင်ငံငယ်များအတွက် "ကြွေးမြီထောင်ချောက်" ဟု တံဆိပ်ကပ်ထားသည်။

ထို့ကြောင့် မော်လ်ဒိုက်သမ္မတ ဆိုလစ်ဦးဆောင်သော အစိုးရက ယခုနှစ်အတွင်း ပိုမိုကျယ်ပြန့်သော အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုစိတ်ဝင်စားကြောင်း ပြသခြင်းဖြင့် တရုတ်ကို ချိန်ခွင်လျှာညှိရန် ကြိုးပမ်းခဲ့သည်။

ထို့ပြင် ကြွေးမြီများလာခြင်း၊ ငွေကြေးအကျပ်အတည်းနှင့် မြင့်မားသော ငွေကြေးဖောင်းပွမှုတို့ကြောင့် နိုင်ငံတော်က ကြွေးမြီမဆပ်နိုင်မည်ကို စိုးရိမ်မှုများ တိုးလာစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly