နီပေါနှင့် ကုန်သွယ်ရေးဆိုင်ရာ တာဝန်များကို တရုတ်က ပျက်ကွက်နေ

နီပေါနှင့် ကုန်သွယ်ရေးဆိုင်ရာ တာဝန်များကို တရုတ်က ပျက်ကွက်နေ

ပို့ဆောင်ရေးနှင့် ကူသန်းသွားလာရေးသဘောတူညီချက်များကို လိုက်နာခြင်းမရှိသော တရုတ်ကြောင့် ကုန်သွယ်ရေးတွင် နီပေါက နှိမ့်ချဆက်ဆံခံနေရသည်။

နီပေါ-တရုတ်နယ်စပ်ရှိ အဓိကကုန်သွယ်နေရာ ၂ ခုဖြစ်သည့် ရာစုဝါဂတ်ဟီနှင့် တာတိုပါနီတွင် တရုတ်က တရားမဝင် ပိတ်ပင်ထားသဖြင့် တရုတ်မှ လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသော ကုန်တင် ကားများသည် နီပေါသို့ ဝင်ရောက်ခွင့်မရသဖြင့် နီပေါစီးပွားရေးသမားများက တရုတ်ကို ကန့်ကွက်ဆန္ဒပြခဲ့ရကြောင်း ခတ္တမန္ဒူမြို့မှ ပေးပို့သည့် သတင်းကို Singapore Post က ဖော်ပြခဲ့သည်။

ထို့ပြင် နီပေါကုန်သည်များကို အနှောင့်အယှက်ဖြစ်စေရန်အတွက် တရုတ်သယ်ယူပို့ဆောင်သူများက တရုတ်နယ်စပ်မှတ်တိုင်နှင့် နီပေါနယ်စပ်ကြား ကီလိုမီတာ ၂၅ဝ နီးပါးလမ်းပိုင်းတစ်လျှောက် ကုန်စည်ပို့ဆောင်ခကို ၄ ဆကျော် ဈေးတက်ခဲ့သည်။

သဘောတူညီချက်များအတိုင်း မလုပ်ဆောင်ရခြင်း၏ အကြောင်းရင်းကို တရုတ်က နီပေါကို ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပြင် နိုင်ငံတကာသဘောတူညီချက်ကို လိုက်နာရန်နှင့် တရုတ်မှ နီပေါသို့ ကုန်တင်ကားများ အဆင်ပြေသွားလာခွင့်ပြုရန် နီပေါကုန်သည်များက တောင်းဆိုသော်လည်း မအောင်မြင်ခဲ့ပေ။

တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများသည် ဈေးပေါပြီး ကြာရှည်မခံကြောင်းကို နီပေါသည် မကြာသေးမီက သိရှိခဲ့ရသည်။

နီပေါလေကြောင်းလိုင်းသည် ပျံသန်းရန် မဖြစ်နိုင်သည့် တရုတ်ထုတ် လေယာဉ် ၆ စင်းကို မကြာသေးမီက ရပ်နားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly