အလွတ်ကျက်ဖြေ စနစ်ပုံစံသည် ပညာရေးကဏ္ဍအတွက် ခေတ်နောက်ကျနေသော စနစ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အလွတ်ကျက်ဖြေ စနစ်ပုံစံသည် ပညာရေးကဏ္ဍအတွက် ခေတ်နောက်ကျနေသော စနစ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဓာတ်ပုံ - ဦးလွင်

မြန်မာ့ပညာရေးတွင် အရိုးစွဲ ကျင့်သုံးနေသည့် အလွတ်ကျက်ဖြေ စနစ်ပုံစံသည် ပညာရေးက ဏ္ဍအတွက် အကောင်းဆုံး နည်းလမ်း မဟုတ်သကဲ့သို့ လက်ရှိအနေအထားအရ ခေတ်နောက်ကျနေ သော စနစ်ဟု ရှုမြင်ကြောင်း ရန်ကုန်တက္ကသိုလ် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ လာရောက်ပြီးလေ့လာသည့် သင်တန်းသားနှင့် ပြည်တော်လွှတ်တော် အစည်း အဝေအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံခွင့် ရရှိခဲ့ပြီး မိနစ်အနည်းငယ် စကားပြောခွင့် ရရှိခဲ့ကြသည်။

“အမျိုးသမီးတွေက စာကျက်တာအားသာတယ်။ စာကျက်တိုင်းလည်း တော်တာတော့ မဟုတ် ဘူး။ ကျက်တယ်ဆိုတာက အလွတ်ကျက်တာပေါ့နော်။ အလွတ်ကျက်တယ် ဆိုတိုင်းလည်း ပညာရဖို့ အတွက် အကောင်းဆုံးနည်းတော့ မဟုတ်ဘူး။ တကယ်ဆိုရင်တော့ အခုခေတ်မှာ ခေတ်မမီဘူးလို့ ပြောရမယ်ပေါ့။ နားလည်အောင် သင်ပြီးတော့မှ ပြန်ပြီးသုံး ရတာပေါ့။ အလွတ်ကျက်ပြီးဖြေရတဲ့ စာမေးပွဲစနစ်က ဒီနိုင်ငံမှာ အရိုးစွဲနေပြီပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်သို့ လာရောက်လေ့လာသည့် မဟာဘွဲ့ သင်တန်းမှ သင်တန်းသား စုစုပေါင်း (၁၇၀)ဦးခန့်နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ယင်းသင်တန်းများ သားတွင် အမျိုးသားဦးရေ နည်းပါးစွာ ပါရှိလာခြင်းနှင့် ပတ်သက်၍လည်း သင်းတန်းသားကို မေးမြန်မှု ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly