ဗီယက်နမ်မြောက်ပိုင်းတွင် တရုတ်စစ်သားများက ဆောက်လုပ်ရေးအလုပ်သမားများကို ခဲနှင့် ပေါက်

ဗီယက်နမ်မြောက်ပိုင်းတွင် တရုတ်စစ်သားများက ဆောက်လုပ်ရေးအလုပ်သမားများကို ခဲနှင့် ပေါက်

တရုတ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဗီယက်နမ်မြောက်ပိုင်း ဟာဂျင်းပြည်နယ်တွင် တရုတ်စစ်သားများက ဆောက်လုပ်ရေးလုပ်သားများကို ခဲနှင့် ပေါက်ကာ လက်နက်မဲ့ အလုပ်သမားများအား နှိပ်စက်သည့် ဗီဒီယိုဖိုင် ကို ဇန်နဝါရီ ၃ ရက်က လီအန်ချင်၏ တွစ်တာအကောင့်တွင် တင်ခဲ့သည်။

"တရုတ်စစ်သားတွေက ဗီယက်နမ်-တရုတ်နယ်စပ်မှာ တွင်းတူးနေတဲ့ ဗီယက်နမ်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ မြစ်ရေတွေ တက်လာချိန်မှာ မြစ်ရေတိုက်စားမှုကို ကာကွယ်ဖို့ အရပ်သား အလုပ်သမား တွေက ဗီယက်နမ်ဘက်ခြမ်းက မြစ်ကမ်းပါးတွေကို စောင့်ကြပ်နေခဲ့တာပါ" ဟု လီအန်ချင်က ဗီဒီယိုကလစ်တွင် စာတန်းဖြင့် ရေးသားဖော်ပြခဲ့ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

ယခုအချိန်တွင် တရုတ်သို့ ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့မှု ရပ်တန့်နေသည်။ တရုတ်က နယ်စပ်ဂိတ်များကို ပိတ်ဆို့ထားသဖြင့် နယ်စပ်မှ ပြန်လှည့်လာသော ဗီယက်နမ် ကုန်တင်ကား များသည် ပြန်သယ်လာသည့် ကုန်ပစ္စည်းများကို အလကားနီးပါးဈေးဖြင့် ရောင်းချနေရသည်။

တရုတ်ဆန့်ကျင်ရေး ဆောင်းပါးများကြောင့် ဗီယက်နမ်အစိုးရက တားမြစ်ထားသည့် ဒေသန္တရ ဘာသာ စကားဖြင့်ဖော်ပြသော လူကြည့်များသည့်ဘလော့ဂ်တစ်ခုက ယင်းအကြောင်းအရာအား ကိုးကားပြီး ၁၉၇၉

ခုနှစ် တရုတ်-ဗီယက်နမ်စစ်ပွဲ အထိမ်းအမှတ် ဆောင်းပါးတစ်ပုဒ်ကို ဇန်နဝါရီ ၄ ရက်က ထုတ်ဝေခဲ့သည်။

၁၉၉၉ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-ဗီယက်နမ် နယ်နိမိတ် သတ်မှတ်ရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးပြီးနောက် တရုတ်ဘက်မှ မြောက်ဘက်သို့ ကျူးကျော်ရန် ကြိုးပမ်းနေသည်ဟု ဆောင်းပါးတွင် ထောက်ပြ ထားသည်။

တရုတ် ရပ်တည်ချက်ကို ပြည်သူများက မသိသလို တရုတ်-ဗီယက်နမ် နယ်စပ်မှာ တရုတ်ဘက်က ယခုကဲ့သို့ ပြုမှုသည့်အတွက် ပြည်သူများက နားလည်ရ ခက်ခဲနေကြောင်းလည်း HK Post သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly