ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် လူသတ် စစ်ကောင်စီ အလိုမရှိကြောင်း သပိတ်မှောက်

ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် လူသတ် စစ်ကောင်စီ အလိုမရှိကြောင်း သပိတ်မှောက်

ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့၌ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ခဲ့ကြသည်။

အင်တာနက် ဖြတ်တောက်ခံရမှု ငါးလ ကြာရှိပြီဖြစ်သည့် ဖာကန့်မြို့မှ ဆန္ဒပြ ပြည်သူများက " KIA၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ အင်တာနက် ဖြတ်တဲ့ စစ်ကောင်စီတွေ အသေဆိုးနဲ့ သေပါစေ၊ အင်တာနက် ဖြတ်တဲ့ မင်းအောင်လှိုင် အသေဆိုးနဲ့ သေပါစေ၊ Stop internet shutdown Hpakant ၊ အကြမ်းဖက် လူသတ် စစ်ကောင်စီ အလိုမရှိ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်” ဟု ကြွေးကြော် သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly