ညောင်တုန်းမြို့ပတ်ရေကာတာ ကွဲအက်နိမ့်ကျမှု ပြုပြင်နေ

ညောင်တုန်းမြို့ပတ်ရေကာတာ ကွဲအက်နိမ့်ကျမှု ပြုပြင်နေ
photo - http://www.themeltingpot4u.com

ဇန်နာဝါရီလ ၁၁ ရက် ။             ။ ညောင်တုန်းမြို့ အမှတ် ၄ ရပ်ကွက် ၉ လမ်းမှ ၁၁ လမ်းအထိ မြို့ပတ်ရေကာတာကွဲအက်နိမ့်ကျမှု တစ်ရပ်ဖြစ်ပေါ်ခဲ့သဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေရသည်ဟု သိရသည်။

ဇန်နာဝါရီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ကွဲအက်နိမ့်ကျသွားသောနေရာသို့ လယ်/ဆည် ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် အဖွဲ့သည် ဇန်နာဝါရီလ ၉ ရက်နေ့တွင် ရောက်ရှိ စစ်ဆေးခဲ့သည်။

ညောင်တုန်းမြို့ မြစ်ကမ်းရေကာတာကို မိုးရာသီမြစ်ရေကြီးချိန်အမီ ကြံ့ခိုင်စေရန် ပြုပြင်ရာတွင် ရေကာတာအပေါ်ယံ မြှင့်တင်ခြင်းလုပ်ငန်းအပြင် အောက်ခြေမြစ်ကမ်းပြိုကျမှုအန္တရာယ်ကိုပါ ကာကွယ်ရန်လိုအပ်နေသည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဇန်နာဝါရီ ၁၀ ရက်နေ့က ဖော်ပြသည်။

ပြီးခဲ့သည့်နှစ် မိုးကြီးရေလျှံကာလတွင် မြို့အားကာကွယ်ပေးထားသည့် မြစ်ကမ်းထိန်းတာတမံ ရေကျော်ခဲ့သဖြင့် ညောင်တုန်းမြို့ခံများ စိုးရိမ်ခဲ့ကြရသည်။ သြဂုတ်နှင့် စက်တင်ဘာတွင် စိုးရိမ်ရေမှတ်လည်း ကျော်လွန်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly