နီပေါပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများလာခြင်းကို ကန့်ကွက်သည့်အနေဖြင့် တရုတ်သံအမတ်ကြီး၏ ဓာတ်ပုံများကို မီးရှို့

နီပေါပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုများလာခြင်းကို ကန့်ကွက်သည့်အနေဖြင့် တရုတ်သံအမတ်ကြီး၏ ဓာတ်ပုံများကို မီးရှို့

နီပေါပြည်တွင်းရေး၌ တရုတ်၏ ဝင်ရောက်စွက်ဖက်မှုများလာခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီလ ၁၃ရက်က နီပေါ ဟိန္ဒူလူမှုအဖွဲ့အစည်း RastriyaEkataAbhiyan (အမျိုးသား ညီညွတ်သော လှုပ်ရှားမှု) အဖွဲ့ဝင်များက နီပေါ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုယန်ချီ၏ ဓာတ်ပုံများကို မီးရှို့ခဲ့ကြသည်။

နီပေါနိုင်ငံ၏ ပြည်တွင်းရေးကို မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ခြင်းအတွက် တရုတ်သံအမတ်အား ဆန္ဒပြသူ များက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး ရာစုဝါနှင့် တာတိုပါနီ နယ်စပ် ဂိတ်များကို တရားကြေညာခြင်း မရှိဘဲ ပိတ်ဆို့မှုများပြုလုပ်ခဲ့ခြင်း၊ နီပေါကျောင်းသားများအား တရုတ်နိုင်ငံသို့ ပြည်ဝင်ခွင့်မပေးခြင်းနှင့် သံတမန်ကန့်သတ်ချက်များကို ကျော်လွန်လုပ်ဆောင်ခြင်းတို့ကိုလည်း ရှုတ်ချခဲ့ကြသည်။

ဆန္ဒပြသူများက 'တရုတ်ပြည် ပြန်သွား' ဟူသော စာတန်းများ ကိုင်ဆောင်ကာ တရုတ်သံအမတ် ဟိုယန်ချီကိုလည်း ကန့်ကွက်ကြောင်း အော်ဟစ်ခဲ့ကြသည်။

Abhiyanအဖွဲ့သည် ဇန်နဝါရီလ ၁၁ကလည်း ဂျနပ်ခ်ပါမြို့ ရှိ ဂျနပ်ချ်ချော့ဒေသတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သေးသည်။ (ANI/ Khabarhub)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly