တမူးမြို့နယ် ရှေ့တန်းစခန်းမှ CDM ပြုလုပ်လာသူ စစ်ကောင်စီတပ်သား၏ ထွက်ဆိုချက်

By ဝေယံမိုး
19 January 2022
တမူးမြို့နယ် ရှေ့တန်းစခန်းမှ CDM ပြုလုပ်လာသူ စစ်ကောင်စီတပ်သား၏ ထွက်ဆိုချက်

ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးဖွဲ့ တပ်ရင်း (၁)ထံသို့ စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး CDM ဝင်ရောက်လာကြောင်းသိရသည်။

CDM၀င်‌ရောက်လာသူတပ်သားမှာ ဝေဖြိုးအောင် ကိုယ်ပိုင်အမှတ် (တ-၅၇၀၄၃၆) ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ခလရ -၂၆၆ တမူးရှေ့တန်းစခန်းမှ တာဝန်ထမ်းဆောင်ရင်း ယခုကဲ့သို့ CDM ပြုလုပ်လာခြင်းလည်းဖြစ်သည်။

၎င်း၏ တပ်တွင်းနှင့် စစ်ကောင်စီရှေ့တန်းစခန်းအတွေ့အကြုံ၊ တပ်တွင်းဖိနှိပ်မှု၊ စစ်ကောင်စီ၏ ဝါဒဖြန့်လိမ်လည်မှုများအား တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးဖွဲ့ တပ်ရင်း (၁) ထံဝန်ခံထွက်ဆိုထားသည်။

ထိုရုပ်သံဖိုင်အား မူရင်းအတိုင်းပြန်လည်ဖော်ပြအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly