နီပေါတွင် နေ့စဉ်နှင့်အမျှ တရုတ်ဆန့်ကျင်မှုများ ဆက်လက်မြင့်တက်

By Zee5
19 January 2022
နီပေါတွင် နေ့စဉ်နှင့်အမျှ တရုတ်ဆန့်ကျင်မှုများ ဆက်လက်မြင့်တက်

နီပေါနိုင်ငံအပေါ် အငြင်းပွားဖွယ်ရာ ချဉ်းကပ်မှုများနှင့် ဖိအားများအပါအဝင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် တရုတ်နိုင်ငံက ဆက်လက်ဖိအားပေးလာသောကြောင့် နီပေါပြည်သူများက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နိုင်ငံတစ်ဝှမ်းပြုလုပ်လျက်ရှိကြသည်။

တရုတ်သည် မကြာသေးမီက နီပေါတွင် ၎င်း၏ လှုပ်ရှားမှုများကို ဗြောင်ကျကျပုံစံဖြင့် လည်းကောင်း၊ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့်လည်းကောင်း အရှိန်မြှင့် လုပ်ဆောင်ခဲ့သည်။

ကဏ္ဍအားလုံးနှင့် မဟာဗျူဟာနယ်ပယ်တွင် ၎င်း၏အခန်းကဏ္ဍမှတစ်ဆင့် နီပေါတွင် ခြေရာချန်ထားရန် ကြိုးစားသော တရုတ်၏ ပူးပေါင်းကြံစည်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလျက် လူမှုအဖွဲ့အစည်းအများအပြားသည် နိုင်ငံအတွင်း ဆန္ဒပြစုဝေးပွဲများကို စီစဉ်ခဲ့ကြသည်။

Swantantra Nagarik Samaj (လွတ်လပ်သောနိုင်ငံသားများအဖွဲ့) က နီပေါ၏နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် တရုတ်ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဟူမလာအပါအဝင် မြောက်ပိုင်းခရိုင်အသီးသီးရှိ နီပေါနိုင်ငံ၏မြေယာကို ကျူးကျော်ဝင်ရောက်ခြင်းအတွက် တရုတ်နိုင်ငံအား ဝေဖန်လျက် ခတ္တမန္ဒူလမ်းများပေါ်တွင် ဆန္ဒပြခဲ့ကြသည်။

ရာဆူဝါဂါဒီနှင့် တာတိုပါနီနယ်စပ်ဂိတ်များတွင် တရုတ်က နီပေါနိုင်ငံမှ ကုန်စည်များကို နီပေါသို့ဝင်ရောက်ခွင့် မပြုခြင်းအပေါ်လည်း ဆန္ဒပြသူများက ကန့်ကွက်ခဲ့ကြသည်။

နယ်စပ်စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ခြင်းအပြင် အမေရိကန်နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီတစ်ခုဖြစ်သည့် Millennium Challenge Corporation (MCC) နှင့်ပတ်သက်၍ ပြဿနာဖန်တီးခြင်းဖြင့်လည်း နီပေါနှင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးကို ပျက်ပြားစေရန် တရုတ်က လုပ်ဆောင်နေသည်။

ဆန္ဒပြသူများသည် ဟူမလာ၊ မူစတန်၊ ဂေါ်ခါ၊ ရာဆူဝါနှင့် ဒိုလာခါအပါအဝင် နယ်နိမိတ်ချင်းထိစပ်နေသော ခရိုင်အသီးသီးတွင် တရုတ်နိုင်ငံ၏ မြေယာကျူးကျော်မှုပြဿနာကို ထုတ်ဖော်ပြောဆိုခဲ့ပြီး “ပြီးခဲ့သောလက

ဘာရာဟာဝါအခြေစိုက် လေဆိပ်တွင် တရုတ်အလံလွှင့်တင်ခြင်းမှာ နီပေါသည် ၎င်းတို့ လက်အောက်ခံ နိုင်ငံဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်ဟု ဆိုသည်။

“တရုတ်နိုင်ငံကို ပြန်သွား၊ တရုတ်ဝင်ရောက်စွက်ဖက်မှုတွေရပ်၊ နယ်စပ်ကျူးကျော်မှုတွေ ရပ်၊ နီပေါအပေါ် တင်ပြထားခြင်းမရှိတဲ့ ပိတ်ဆို့တားဆီးတွေ ရပ်၊ နီပေါကျောင်းသားများ ဆက်လက်လေ့လာရေးအတွက် စီစဉ်ပေး' စသည့် စာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပြီး နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုးယန်ချိ၏ ပုံတူကိုလည်း မီးရှို့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly