မြန်မာ-ထိုင်း နယ်စပ်ဂိတ် ဆက်သွယ်ထားသည့် ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၍ စစ်သား ၁ဦးသေ

By ကိုရွှေမြိတ်
18 January 2022
မြန်မာ-ထိုင်း နယ်စပ်ဂိတ် ဆက်သွယ်ထားသည့် ထားဝယ်-ထီးခီးလမ်းက စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၍ စစ်သား ၁ဦးသေ
ပုံစာ-ထားဝယ်-ထီးခီး လမ်းပိုင်း တစ်နေရာ။

ဇန်နဝါရီ ၁၈

ထိုင်းနိုင်ငံသို့ ဆက်သွယ် ဖောက်လုပ်ထားသည့် ထားဝယ်-ထီးခီး လမ်းပိုင်းရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်တွင် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီ တပ်သား တစ်ဦး သေဆုံးသွားကြောင်း ယင်း ဒေသရှိ ဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ထားဝယ်-ထီးခီး ဝါးတောရွာရှိ အဆိုပါ စစ်ဆေးရေး ဂိတ်၌ စစ်ကောင်စီ တပ်ဖွဲ့ ခလရ ၂၆၇ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စခန်းချ ဂိတ်ချထားသည့် နေရာ တစ်နေရာ ဖြစ်သည်ဟု သိရသည်။

ထီးခီး နယ်စပ်ဂိတ်ကို ရောက်ရှိနေသူ ခရီးသွား တစ်ဦးက"၀ါးတောရွာက စစ်ကောင်စီ ဂိတ်ကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ဝင်ရောက် ပစ်ခတ်ခဲ့တာဖြစ်တယ်၊ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့တယ်"ဟု ပြောသည်။

ထို လမ်းပိုင်သည် ထားဝယ်မြို့မှ ထိုင်းနိုင်ငံ နယ်စပ် ထီးခီးရွာကို ဆက်သွယ် ထားသည့် ကုန်သွယ်ရေး နယ်စပ် ဖြတ်ကျော် လမ်းပိုင်း တစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required