ပေကျင်းဆောင်းရာသီ အိုလံပစ်တွင် မြောက်ကိုရီးယား ပါဝင်မည်မဟုတ်

ပေကျင်းဆောင်းရာသီ အိုလံပစ်တွင် မြောက်ကိုရီးယား ပါဝင်မည်မဟုတ်

ရန်လိုသော အုပ်စုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြောက်ကိုရီးယားနိုင်ငံက ၂၀၂၂ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်တွင် ပါဝင်မည်မဟုတ်ကြောင်း ရုရှားသတင်းအေဂျင်စီ Sputnik က ဇန်နဝါရီ ၇ရက်တွင် မြောက်ကိုရီးယားမီဒီယာကို ကိုးကား၍ ဖော်ပြခဲ့သည်။

"ရန်လိုသော အုပ်စုများ၏ လှုပ်ရှားမှုနှင့် ကမ္ဘာတစ်ဝန်းကပ်ရောဂါကြောင့် အိုလံပစ်ပွဲတော်တွင် မပါဝင်နိုင်သော်လည်း ခမ်းနားပြီး အံ့သြဖွယ် အိုလံပစ်ပွဲတော် ကျင်းပနိုင်ရန် တရုတ်ရဲဘော်များအား ၎င်းတို့၏ လုပ်ဆောင်မှုအားလုံးကို အပြည့်အဝ ထောက်ခံပါသည်" ဟု KCNA သတင်းဌာနကို ကိုးကား၍ Sputnik က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအိုလံပစ်ကော်မတီနှင့် ကာယယဉ်ကျေးမှုနှင့် အားကစားဝန်ကြီးဌာနမှ တရုတ် အိုလံပစ် ကော်မတီထံ ပေးပို့သည့် စာတစ်စောင်ကို KCNA က ကိုးကားဖော်ပြထားသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်မီ တရုတ်က လုံခြုံရေး ချထားမှုနှင့် စစ်ဆေးမှုများကို အကြီးအကျယ် လုပ်ဆောင်လျက်ရှိသည်။

ဖေဖော်ဝါရီလတွင် ဆောင်းရာသီအိုလံပစ်ပွဲကျင်းပရန် ကြိုးပမ်းရာတွင် ကိုဗစ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည့် မူဝါဒကို တရုတ်က အကောင်အထည်ဖော်ခြင်းကြောင့် နိုင်ငံသားများအတွက် ပြဿနာများကို ပိုမို ရှုပ်ထွေး စေခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်နီးပါးခန့်က ပထမဆုံးကူးစက်ရောဂါကို နှိမ်နင်းပြီးနောက် တရုတ်တွင် ယခုနှစ်အစ ပြီးခဲ့သည့် ၇ရက်အတွင်း အဆိုးရွားဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြုံတွေ့ခဲ့ရသည်။

ဒီဇင်ဘာလကတည်းကတင်၍ ရှီအန်းမြို့တွင် ကူးစက်မှု အဆိုးဆုံးဖြစ်ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

သီတင်းနှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်သည့် ယခုအချိန်ထိ ရှီအန်းမြို့တွင် လူ၁၃ သန်းခန့် နေအိမ်များတွင် ပိတ်မိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly