မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်တွင် ဗုံးပေါက်၊ ကလေး ၂ ဦး ဒဏ်ရာရ 

မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်တွင် ဗုံးပေါက်၊ ကလေး ၂ ဦး ဒဏ်ရာရ 

ဇန်နဝါရီလ ၁၇ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ် ကျေးရွာတွင် ဗုံးပေါက်ကွဲရာ ကလေးငယ် နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ တာဝန်ခံက ပြောသည်။ 

ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ကျေးရွာအနီးမှ ကောက်ရလာသော ဗုံးကို ကလေးများက ဆော့ကစားစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ဒဏ်ရာ ရရှိသည့် ကလေးငယ် နှစ်ဦးမှာ ရှစ်နှစ်အရွယ် ကလေးနှစ်ဦး ဖြစ်ကြပြီး မောင်မြင့်မြင့် ဂျူလိုင်နှင့် မောင်ကာလာပွာတို့ ဖြစ်သည်။ 

မောင်မြင့်မြင့်ဂျူလိုင်သည် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီး မောင်ကာလာပွာ မှာ ဝမ်းဗိုက်တွင် ဒဏ်ရာ ရရှိခဲ့သည်ဟု ပေါင်းတုတ်ရွာသစ် ကျေးရွာ တာဝန်ခံက ပြောသည်။ 

ဒဏ်ရာ ရရှိခဲ့သည့် ကလေးနှစ်ဦးကို မြောင်းဘွေဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့် မောင်ကာလာပွာကို စစ်တွေဆေးရုံသို့ ပို့ဆောင်မည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required