အာဏာသိမ်းစစ်ခေါင်းဆောင်က မြိတ်တွင် ငါးလေလံဈေး အသစ်လုပ်ရန် မြေနေရာရွေးသွား

By ကိုရွှေမြိတ်
16 January 2022
အာဏာသိမ်းစစ်ခေါင်းဆောင်က မြိတ်တွင် ငါးလေလံဈေး အသစ်လုပ်ရန် မြေနေရာရွေးသွား

ဇန်နဝါရီ ၁၆

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ မြိတ်ခရီးစဉ်တွင် ငါးလေးလံဈေး အသစ် တစ်ခု တည်ဆောက်ရန် မြေနေရာ ရွေးချယ်ပေးခဲ့ကြောင်း မြိတ်ဒေသခံ ရေလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံက သိရသည်။

စစ်ခေါင်းဆောင်သည် မြိတ်မြို့သို့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော် ဆောက်လုပ်မည့် ငါးလေလံစျေးနှင့် စက်မှုဇုန် တည်ဆောက်ရေး အတွက် နေရာရွေးပေးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

"ပထမ အဆင့် အနေနဲ့ မြိတ်မှာ ငါးလေလံ ဈေးကို ဦးစားပေး တည်ဆောက်ဖို့ လိုပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက ဆန်ဖူလုံမှု မရှိတဲ့ အတွက် စီမံကိန်းတွေ ဆောင်ရွက်ရာမှာ လယ်မြေတွေ အသုံးမပြုဖို့နဲ့ မြေကို အကျိုးရှိစွာအသုံးချ တတ်ဖို့ လိုပါတယ်။ မိမိတို့အနေနဲ့ နိုင်ငံ၏ စားရေ ရိက္ခာ ပေါများစေဖို့ အတွက် ဆောင်ရွက်နေပါတယ်"ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required