လူ ၅ ဒသမ ၅ သန်းကို သေဆုံးစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မူလဇာစ်မြစ် စစ်ဆေးမှုကို တရုတ်က ဟန့်တားနေဆဲ

လူ ၅ ဒသမ ၅ သန်းကို သေဆုံးစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မူလဇာစ်မြစ် စစ်ဆေးမှုကို တရုတ်က ဟန့်တားနေဆဲ

စီးပွားရေးအရ လက်တုံ့ပြန်ခြင်း သို့မဟုတ် ပြောင်ပြောင်တင်းတင်းခြိမ်းခြောက်မှုကို ကြောက်ရွံ့ခြင်းကြောင့် ကိုရိုနာ ဗိုင်းရပ်၏ မူလဇာစ်မြစ်နှင့် ဝူဟန်တွင် ကူးစက်ခံရသူလုံးဝမရှိရေးမူဝါဒဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အတွက် မည်သည့်နိုင်ငံမှ တရုတ်ကို မတောင်းဆိုရဲပေ။

ဝူဟန်မြို့တွင် လွန်ခဲ့သော၂နှစ်ကျော်ကာလဖြစ်သော ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း တရုတ်ကွန်မြူနစ်အစိုးရက ပထမဆုံး အတည်ပြုခဲ့သည်။

တရုတ်တွင် ရောဂါဖြစ်ပွားသူ ၅၅၇ ဦးရှိပြီး နိုင်ငံတကာစိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေ အနေအဖြစ် ကြေညာရမည်လားဆိုသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယမန်နှစ် ဇန်နဝါရီ ၂၃ ရက်တွင် ပတ်သက်၍ အငြင်းအခုံဖြစ်ခဲ့သည်။

ဆိုးရွားသည့် အခြေအနေဖြစ်နေသော်လည်း အရေးပေါ်ကော်မတီက ဆုံးဖြတ်ချက်ချမှတ်ရန် ဇန်နဝါရီ ၂၀ ရက်သို့ ရွေ့ဆိုင်းခဲ့သည်။ WHO က ယင်းအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့သော်လည်း ထိုအချိန်တွင် ဗိုင်းရပ်စ်သည် ကမ္ဘာအနှံ့ပျံ့နှံ့သွားပြီဖြစ်သည်။

ယခုအခါ ကမ္ဘာကြီးသည် ဗိုင်းရပ်စ် တတိယ သို့မဟုတ် စတုတ္ထလှိုင်းနှင့် ရင်ဆိုင်နေရပြီး ကူးစက်ခံရသူပေါင်း ၃၀၇ သန်းနှင့် သေဆုံးသူ ၅ ဒသမ ၅သန်းကျော်သွားပြီဖြစ်သည်။

အသက် ၆၀ဆယ်ကျော်သူများသည် စိတ်ဓာတ်ကျခြင်းနှင့် ပုံမှန်ဖြစ်တတ်သည့် တစ်စုံတစ်ရာကို စိတ်ပါဝင်စားမှု နည်းခြင်းတို့ကြောင့် အဆိုးရွားဆုံး အိမ်တွင်းအထီးကျန်ခြင်းကို ရင်ဆိုင်နေရသည်။

Delta မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံထားရပြီးသူများအား ကမ္ဘာလုံးဆိုင်ရာသိပ္ပံပညာရှင်များ၏ အရှိန်အဟုန်ဖြင့် တီထွင်ထားသော ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးများကို ထိုးပြီးပါက omicron မျိုးကွဲမှကာကွယ်ရန် ကာကွယ်ဆေး ၂ ကြိမ် ထပ်ထိုးရမည်လား သို့မဟုတ် ၁ ကြိမ်သာ အားမြှင့်ဆေးအဖြစ် ထိုးရမည်လားဆိုသည့်နှင့် ပတ်သက်၍ ဒွိဟဖြစ်နေကြဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly